တာချီလိတ်မှာ အမျိုးသမီးတဦးကို ကျဥ်စက်နဲ့ထောက်ပြီး ပြန်ပေးဆွဲသူ ၄ဦးကို ဖမ်းဆီးရမိ

ဇွန် ၁၄-၂၀၂၂
GG + KK (VOM)

တာချီလိတ်မြို့မှာ မိန်းကလေးတဦးကို ကျဥ်စက်နဲ့ ထောက်ပြီး ပြန်ပေးဆွဲလာတဲ့ အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံမှာ မနေ့ဇွန် ၁၃ ရက်နေ့ ညပိုင်းက အမျိုးသမီးတဦးကို ပြန်ပေးဆွဲလာတဲ့ ကားဟာ ယာဉ်စစ်လှည့်ကင်းနဲ့တိုးရာကနေ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကောင်မလေးရဲ့ iphoe ကိုလုပြီး ပါးစပ်ကို လက်နဲ့ပိတ်ပြီး ကောင်မလေးကို ပုဆိုးနဲ့မျက်နှာကို အုပ်ပြီးခေါ်လာတာ၊ ယာဥ်စစ်အဖွဲ့နဲ့တွေ့တော့ မသင်္ကာတာနဲ့ခေါ်စစ်လိုက်တာ မိတာပဲ”လို့ သူကပြောပါတယ်။

ဖမ်းဆီးရမိသူတွေက အားရှဲန် အသက် ၂၂ နှစ် ၊ နေ အောင်နိုင် အသက် ၁၈ နှစ် ၊အားလုံ(ခ)ရန်ဇူချင်အသက် ၂၂ နှစ်နဲ့ ရွှီထိုက်ချိုင်း အသက် ၂၀ နှစ်တို့ဖြစ်ပြီး တာချီလိတ်ဒေသခံ ၂ယောက်၊ လောက်ကိုင်ဇာတိ၂ ​ယောက်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိသူ ၄ ဦးကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)၉၄/၂၀၂၂၊ အမှုကြီး အမှတ်စဉ် (၅/၂၂)၊ ပုဒ်မ-၃၉၂/၃၆၅/၃၄ နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW