ပဲခူးတိုင်းက ရေရှိနိုင်တဲ့နေရာတိုင်း တနှစ်ကို ၃ သီး စိုက်ပျိုးဖို့ တိုင်းဝန်ကြီးချုပ်ပြော

ဇွန် ၁၅-၂၀၂၂ VOM ( GG ) ပဲခူးတိုင်း တစ်တိုင်းလုံးက ဆည်ရေသောက်ဧရိယာ ရေရရှိနိုင်တဲ့ နေရာတိုင်းမှာ တစ်နှစ်ကို ၃ သီး အပြည့်အဝစိုက်ပျိုးရမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်ပါတယ်။ တစ်နှစ် ၁ သီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တစ်နှစ် ၂ သီး၊ တစ်နှစ် ၂ သီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တစ်နှစ် ၃ သီး စိုက်ပျိုးနိုင်အောင် တောင်သူတွေကို စည်းရုံးဖို့လည်း ပြောဆိုခဲ့ပါတယ်။ ” စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေအားလုံး မြေလပ်မရှိ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ဖို့လိုအပ်တယ်။ လိုအပ်တဲ့ စိုက်ပျိုးရေ ရရှိရေးကို အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးမယ်။ ” လို့ ဝန်ကြီးချုပ်က ဒီနေ့ဇွန်လ(၁၅) ရက် နေ့မှာပြုလုပ်ခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ…

Read More

ကျိုက်လတ်မြို့ ဒေါင့်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခံရပြီး သေဆုံး

ကျိုက်လတ်၊ ဇွန်လ ၁၅-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ကျိုက်လတ်မြို့နယ်၊ဒေါင့်ကြီးကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ ညနေ ၃ နာရီလောက်က သေနတ်နဲ့သုံးချက်ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ”စစ်တပ်အာဏာရပြီးဖြစ်လာတဲ့အုပ်ကြီးပါ။ဒီကနေ့ညနေ ၃ နာရီကျော်လောက်မှာသေနတ်နဲ့ သုံးချက်အပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတာ။ အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး ခဏအကြာ ရဲတွေနဲ့ စစ်သားတွေရောက်လာတာတွေ့ရတယ်။ စစ်ဆေးနေတာတွေလည်း လုပ်နေတယ်။”လို့ အဲ့ဒီဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ အဲ့ဒီဒေါင့်ကြီးကျေးရွာကအုပ်ချုပ်ရေးမှူးဟာ နေအိမ်ကနေ အပြင်ကိုအထွက်မှာသေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး သေနတ်နဲ့ပစ်သတ်သွားသူတွေကို ဖမ်းဆီးရမိဖို့ စစ်တပ်၊ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေက တအိမ်ဝင်တအိမ်ထွက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက” သေနတ်သမားတွေဟာ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ လောလောဆယ်မသိရသေးပါဘူး။ရဲတွေ စစ်တပ်တွေက လိုက်လံစစ်ဆေးနေပါတယ်။အပစ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတာဟုတ်တယ်။”လို့ ပြောပါတယ်။ ဧရာဝတီဗိုလ်တိုက်ငမန်းအဖွဲ့က ပျူစောထီးအဖွဲ့ဝင်တဦးလည်းဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဒေါင့်ကြီးကျေးရွာကအုပ်ကြီးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာသေနတ်နဲ့ ၃ ချက်ဆင့်လာရောက် ပစ်သတ်ခဲ့တာလို့ သူတို့ရဲ့Facebook စာမျက်နှာကနေ သတင်းထုတ်ပြန်ထားတာကိုလည်း…

Read More

တောင်ဒဂုံမှာ ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ဇွန် ၁၅-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက သားဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်၊ ကျောင်းလမ်းနဲ့အောင်ချမ်းသာ ၂ လမ်းထောင့်မှာ သားဖြစ်သူကို ကျောင်းလိုက်ပို့ပြီးပြန်လာတဲ့ ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “သူက ကယ်ရီဆွဲတာ သူသားလေးက အထက ၄ မှာတက်တာ ခြောက်တန်း၊ ကျောင်းပို့ပြီးပြန်လာတဲ့အချိန်အပစ်ခံရတာ၊ ဆေးရုံရောက်မှ သေတာပါ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးပြောတာက”သူ့ကို လူသုံးယောက်က အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်တာ နားထင်ကိုထိသွားတာ ဆေးရုံကိုပို့တဲ့အချိန်မှာပဲ ဆုံးသွားတယ်၊ သေဆုံးသွားသူဟာ ဆိုင်ကယ်ကယ်ရီမောင်းနှင်တဲ့ ကိုဘိုမင်းသူ ဆိုသူဖြစ်တယ်၊ မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်နေရသူတဦးလည်းဖြစ်တယ်”လို့ ပြောပါတယ်။ သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့ Ultimate Revolutionary…

Read More

ဘုတလင်မြို့နယ်မှာ မင်္ဂလာဆောင်သွားတဲ့ကား တိမ်းမှောက်လို့ ၁ ဦးသေ ၊ ၁၀ ဦး ဒဏ်ရာရ

ဇွန် ၊ ၁၅-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ တလိုင်းရွာက မင်္ဂလာဆောင်သွားတဲ့ကားတစီးဟာ ဘုတလင်မြို့နဲ့ တလိုင်ရွာအကြားမှာ တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ ” ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ကားပေါ်မှာ ပါတဲ့ လူ ၁၁ ယောက်အနက် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ် “လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရ လူနာတွေထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ၃ ယောက်ကို မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး မစိုးရိမ်ရတဲ့ လူနာ ၇ ယောက်ကိုတော့…

Read More

ယူကရိန်းစစ်ပွဲ ရက်တရာကျော်အတွင်း ရုရှားတပ်ဖွဲ့၀င် သုံးသောင်းကျော် ကျဆုံး၊ စစ်သင်္ဘောနဲ့ လေယာဉ် ရာပေါင်းများစွာ ပျက်စီးခဲ့

ကိယက်ဗ်၊ ဇွန်-၁၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ လက်ရှိဆိုရင် ၁၁၁ ရက်မြောက်ရှိလာပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့၀င် ၂၅၀ ခန့်ကျဆုံးခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ပွဲစတင်ပြီးနောက်ပိုင် ရုရှားတပ်ဖွဲ့၀င် စုစုပေါင်း ၃၂၇၅၀ ဦးထိ သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီလိုတပ်ဖွဲ့၀င်တွေ ကျဆုံးမှုအပြင် ရုရှားတင့်ကားအစီးရေ ၁၄၄၀ ၊ သံချပ်ကာယာဉ် ၃၅၂၈ စီး၊ အမြောက်စနစ် ၇၇၂ ခု၊ ဒုံးပျံစနစ်မျိုးစုံ ၂၃၀ ထိ ဆုံးရှုံးပျက်စီးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လေယာဉ်ဖျက်စနစ် ၉၇ ခု၊ စစ်လေယာဉ် ၂၁၃ စင်း၊ ရဟတ်ယာဉ် ၁၇၉ စင်း၊ မောင်းသူမဲ့လေယာဉ် ၅၉၁ စင်း၊ ခရုဇ်ဒုံးကျည် ၁၂၉ စင်း၊…

Read More

နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်မယ့် နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေ စစ်ဆေးမှုပိုးမတွေ့ရင် ကွာရန်တင်းဝင်စရာမလိုတော့

ဇွန် ၁၆-၂၀၂၂ VOM ( GG) နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားအပါအဝင် ပြည်ပခရီးသွားဧည့်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးလက်မှတ်ပြသနိုင်သူတွေ RDT စစ်​ဆေးမှု ပိုးမတွေ့ပါက ကွာရန်တင်းဝင်ဖို့မလိုအပ်တော့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ” လေဆိပ်ကနေဝင်လာမယ့်သူက ကာကွယ်ဆေး မထိုးထားသူဆိုရင် ၄၈နာရီ အတွင်းဆေးစစ်ထားတဲ့အဖြေကိုပေးကို ပေးရမယ်၊အဲ့ဒါကွာမယ်။နယ်စပ်ဂိတ်ကကျ ကာပကွယ်ဆေးလက်မှတ် မပြနိုင်တဲ့သူတွေကအသွားအလာကန့် သတ်ခြင်းလုပ်မယ်။ ၃ရက်မြောက်မှာပိုးစစ် မယ်။မတွေ့ရင်ခရီးဆက်နိုင်မယ်။ နယ်စပ်မှာက ၄၈ နာရီအတွင်းဆေးစစ်ထားတဲ့ လက်မှတ်ပြနိုင်ဖို့ကတော်တော်ခဲယဉ်းတယ်ဒါ ကြောင့်ကျနော်တို့ကဆေးထိုးတဲ့ဟာနဲ့ပဲ ဖြတ်လိုက်တာ။တခြားနိုင်ငံမှာ အလုပ်လုပ်ကြတယ် တခြားနိုင်ငံကဓာတ်ခွဲခန်းမှာ ဆေးစစ်ဖို့ကခက်ခဲတယ် ဒါကြောင့်ကိုယ့်နိုင်ငံသားတွေအဆင်ပြေဖို့ လုပ်လိုက်တာပါ ၄၈ နာရီကျော်လို့လည်းမရ၊ မယ်စပ်ဂိတ်ကနေဝင်ဒါကိုပြဆိုတာက တော်တော်များများအဆင်မပြေဘူး။ “လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ ကာကွယ်ဆေးက မြန်မာနိုင်ငံကို ရောက်တဲ့နေ့ မတိုင်မီ ၁၄ ရက်ကျော်က ထိုးနှံထားတာ ဖြစ်ရမှာဖြစ်ပြီး လက်မှတ်မပြနိုင်ပါက အသွားအလာကန့်သတ်ကာ ၃ ရက်မြောက်နေ့မှာ…

Read More

မျောက်ကျောက်ရောဂါ ကူးစက်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်ကော်မတီ အစည်းအဝေးခေါ်ရတော့မယ်

ဂျီနီဗာ၊ ဇွန်-၁၅-၂၀၂၂ မျိုးဆက်(VOM) မျောက်ကျောက်ရောဂါ ကူးစက်ပျံ့ပွားမှုဟာ နိုင်ငံတကာမှာ စိုးရိမ်ဖွယ်ရာပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်နေခြင်းရှိမရှိ အကဲဖြတ်ဖို့ အရေးပေါ်ကော်မတီ အစည်းအဝေးကို လာမယ့် သီတင်းပတ်မှာ ခေါ်ယူမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၆၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။ အဲဒီရောဂါဟာ အာဖရိကဒေသတွေမှာသာ ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှာတော့ အနောက်နိုင်ငံတွေမှာပါ ပျံ့နှံ့နေပြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတကာအနေနဲ့ ညှိနှိုင်းတုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။ အရေးပေါ်ကော်တီအစည်းအဝေးကို ဇွန် ၂၃ ရက်မှာပြုလုပ်မှာဖြစ်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ကြားမှာဖြစ်ကာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ အီဘိုလာနဲ့ ပိုလီယိုဖြစ်ပွားမှုတွေအတွက် အများပြည်သူကျန်းမာရေး…

Read More

PDF ၂ ယောက် ပုသိမ်လုံခြုံရေးတပ်ဖွဲ့ဆီ အလင်းဝင်လာလို့ဆိုပြီး မိဘတွေဆီပြန်အပ်

ပုသိမ် ၊ ဇွန်လ ၁၅ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ပုသိမ်မြို့က လုံခြုံရေးတာဝန်ရှိသူတွေဆီ PDF တပ်ဖွဲ့ဝင်ဆိုသူ ၂ ယောက် အလင်းဝင်လာတာကြောင့် အုပ်ထိန်းသူတွေလက်ကို မနေ့ ဇွန် ၁၄ ရက်ကလွှဲပေးလိုက်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီကသိရပါတယ်။ အဲ့ဒီ PDF တပ်ဖွဲ့ဝင် ၂ ယောက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်းမှာ သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ပြီး ပြစ်မှုကျူးလွန်းခြင်းမရှိသူတွေမို့ သူတို့ရဲ့မိဘတွေလက်ကို ပြန်အပ်လိုက်တာလို့သိရပါတယ်။ PDF ဆိုသူ ၂ ယောက်အလင်းဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတဦးပြောတာက ”မနေ့က အလင်းဝင်ခိုလှုံသူ PDF ၂ ယောက်ကိုသူတို့သူတို့ရဲ့ မိဘတွေဆီပြန်အပ်လိုက်ပါတယ်။အခမ်းအနားလုပ်ပြီးပြန်အပ်တာပါ။ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၂ ယောက်က လက်နက်ကိုင် သင်တန်းဆင်း ၂ယောက်ပါ။ သူတို့ကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေမှာသင်တန်းတွေ တက်ရောက်ခဲ့သူတွေပါ ပြစ်မှုကျူးလွန်းတာ မရှိခဲ့သူတွေပါ။နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ မေတ္တာကို နားလည်လို့အလင်းဝင်လာသူတွေပါ။” လို့ ပြောပါတယ်။…

Read More

စီးပွားရေးအခြေအနေကြောင့် ပါကစ္စတန်ပြည်သူတွေလက်ဖက်ရည်လျှော့သောက်ဖို့ အာဏာပိုင်တွေ တိုက်တွန်း

အစ္စလာမ္မာဘတ်၊ ဇွန်-၁၅-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်မှာ နိုင်ငံ့စီးပွားရေးအခြေအနေကို ထိန်းသိမ်းထားဖို့အတွက် လက်ဖက်ရည်သောက်တဲ့ ပမာဏကိုလျှော့ချဖို့ ပြည်သူတွေကို အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။ တနေ့ကို လက်ဖက်ရည်အနည်းငယ်သာသောက်သုံးခြင်းဖြင့် ပါကစ္စတန်ရဲ့ သွင်းကုန်ပမာဏမြင့်မားခြင်းကို လျှော့ချနိုင်မှာဖြစ်ကြောင်း ပါကစ္စတန်ထိပ်တန်း၀န်ကြီးတစ်ဦးဖြစ်သူ အာဆန်အီကဘားက ပြောပါတယ်။ နိုင်ငံမှာ နိုင်ငံခြားအရန်ငွေနည်းပါးခြင်းကြောင့် သွင်းကုန်တွေအတွက် ပေးချေဖို့ နှစ်လအောက်သာ လုံလောက်တော့မှာဖြစ်ပြီး ရန်ပုံငွေ အရေးပေါ်လိုအပ်နေပါတယ်။ မိမိတို့နိုင်ငံဟာ လက်ဖက်ခြောက်ကို ပြည်ပမှတင်သွင်းရတဲ့ နိုင်ငံဖြစ်တာကြောင့် လက်ဖက်ခြောက်သုံးစွဲမှုကို လျှော့ချဖို့ ပြည်သူတွေကို မေတ္တာရပ်ခံကြောင်း ၀န်ကြီး အာဆန်အီကဘားက ပြောပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်ခြင်းက နိုင်ငံရဲ့ ဆိုးရွားနေတဲ့ ငွေကြေးပြသနာကို ဖြေရှင်းနိုင်ခြင်းရှိမရှိအပေါ် ပြည်သူတွေက သံသယရှိနေပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်ဖက်ခြောက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ယမန်နှစ်မှာ ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးထိ ၀ယ်ယူခဲ့ပါတယ်။ Ref: BBC Photo:Getty Images…

Read More

မိန်းမလှကျွန်းနဲ့အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေ မိကျောင်းအန္တရာယ်သတိထားဖို့လိုအပ်

ဘိုကလေး၊ ဇွန်လ ၁၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊မိန်းမလှကျွန်း ဘေးမဲ့တောနဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ ဇွန်လကနေစတင်ပြီး မိကျောင်းတွေ မိတ်လိုက်ရာသီရောက်လာတာကြောင့် သတိနဲ့နေထိုင်ကြဖို့ လိုအပ်တယ်လို့ မိန်းမလှကျွန်းဘေးမဲ့တောအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ မိန်းမလှကျွန်းဘေးမဲ့တော တာဝန်ရှိသူတဦးက “မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ မိကျောင်းတွေမိတ်လိုက်သားပေါက် ရာသီရောက်ရှိတော့မှာဖြစ်တယ်။မိန်းမလှကျွန်းဘေးမဲ့တောနဲ့ ပတ်ဝန်းကျင်ဒေသကကျေးရွာတွေမှာ မိကျောင်းအန္တရာယ်ကို ကြိုတင်သတိပြုနေကြစေလိုတယ်။ မိကျောင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မိန်းမလှကျွန်းအနီးက ရေချိုးဆိပ်ရှိတဲ့ရွာတွေမှာ သား၊ငါးရှာထွက်ခြင်း၊ ရေချိုးခြင်းတို့ကို သတိနဲ့သွားလာလုပ်ကိုင်ဖို့ပြောချင် တယ်။”လို့ ပြောပါတယ်။ မိန်းမလှကျွန်း အုပ်ချုပ်ရေးအဖွဲ့က မိကျောင်းတွေ မိတ်လိုက်၊အသိုက်လုပ်၊ သားပေါက်တဲ့ကာလမှာ မိန်းမလှကျွန်းနဲ့ဆက်စပ်နေရာတွေမှာ နေထိုင်တဲ့ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့၊ချောင်းစပ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေလွှတ်ကြောင်းတာ၊ငါးဖမ်းတာ၊ ရေချိုးတာကို အထူးသတိပြုလုပ်ဆောင်ကြဖို့ အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး အသံချဲ့တွေအသုံးပြုပြီးတော့လည်း လိုက်လံကြေညာနေတယ်လို့သိရပါတယ်။ မိကျောင်းတွေဟာ မတ်လနဲ့ဇွန်လအထိ မိတ်လိုက်ကြပြီး ဇူလိုင်နဲ့ဩဂုတ်လမှာ အသိုက်ပြုလုပ်ကာ စက်တင်ဘာလနဲ့နိုဝင်ဘာလမှာတော့ သားပေါက်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ လူတွေကိုမိကျောင်းတွေက ရန်လို၊ရန်ပြုတတ်တာကြောင့် မိကျောင်းအန္တရာယ် သတိပြုနေထိုင်လုပ်ကိုင်ကြဖို့လိုတယ်လို့သိရပါတယ်။…

Read More
VOM News

FREE
VIEW