ယူကရိန်းစစ်ပွဲ ရက်တရာကျော်အတွင်း ရုရှားတပ်ဖွဲ့၀င် သုံးသောင်းကျော် ကျဆုံး၊ စစ်သင်္ဘောနဲ့ လေယာဉ် ရာပေါင်းများစွာ ပျက်စီးခဲ့

ကိယက်ဗ်၊ ဇွန်-၁၅-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုဟာ လက်ရှိဆိုရင် ၁၁၁ ရက်မြောက်ရှိလာပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့၀င် ၂၅၀ ခန့်ကျဆုံးခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်ပွဲစတင်ပြီးနောက်ပိုင် ရုရှားတပ်ဖွဲ့၀င် စုစုပေါင်း ၃၂၇၅၀ ဦးထိ သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုတပ်ဖွဲ့၀င်တွေ ကျဆုံးမှုအပြင် ရုရှားတင့်ကားအစီးရေ ၁၄၄၀ ၊ သံချပ်ကာယာဉ် ၃၅၂၈ စီး၊ အမြောက်စနစ် ၇၇၂ ခု၊ ဒုံးပျံစနစ်မျိုးစုံ ၂၃၀ ထိ ဆုံးရှုံးပျက်စီးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လေယာဉ်ဖျက်စနစ် ၉၇ ခု၊ စစ်လေယာဉ် ၂၁၃ စင်း၊ ရဟတ်ယာဉ် ၁၇၉ စင်း၊ မောင်းသူမဲ့လေယာဉ် ၅၉၁ စင်း၊ ခရုဇ်ဒုံးကျည် ၁၂၉ စင်း၊ စစ်သင်္ဘော ၁၃ စင်းနဲ့ မော်တော်ယာဉ် ၂၄၈၅ စင်းတို့ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

Bakhmut နဲ့ Severodonetsk တို့မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရုရှားတပ်တွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

✕
VOM News

FREE
VIEW