ဘုတလင်မြို့နယ်မှာ မင်္ဂလာဆောင်သွားတဲ့ကား တိမ်းမှောက်လို့ ၁ ဦးသေ ၊ ၁၀ ဦး ဒဏ်ရာရ

ဇွန် ၊ ၁၅-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ တလိုင်းရွာက မင်္ဂလာဆောင်သွားတဲ့ကားတစီးဟာ ဘုတလင်မြို့နဲ့ တလိုင်ရွာအကြားမှာ တိမ်းမှောက်ပြီး လူ ၁ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

” ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ကားပေါ်မှာ ပါတဲ့ လူ ၁၁ ယောက်အနက် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ် “လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရ လူနာတွေထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ၃ ယောက်ကို မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး မစိုးရိမ်ရတဲ့ လူနာ ၇ ယောက်ကိုတော့ ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုနေတယ်လို့ သိရပါတယ်။

အခုတလော စစ်ကိုင်းတိုင်းထဲက လမ်းတွေဟာ သွားလာသူ မရှိသလောက်နည်းပါးပြီး လမ်းတွေရှင်းနေတဲ့အတွက် လမ်းအသုံးပြုသူတွေဟာ လိုအပ်တဲ့ မြန်နူန်းထက် ပိုမိုမောင်းနှင်းကြတာကြောင့် ယာဥ်မတော်တဆမှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက် တိုးလရတာဖြစ်တယ်လို့ မုံရွာယာဥ်ထိန်းတပ်ဖွဲ့ခွဲရုံးရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဘုတလင် #ယာဉ်တိမ်းမှောက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW