သူဌေးစာရင်းမ၀င်တော့တဲ့ထိ ပိုင်ဆိုင်မှုတွေလှူဒါန်းသွားမယ်လို့ သူဌေးကြီးဘီလ်ဂိတ် ကတိပြု

၀ါရှင်တန်၊ ဇူလိုင်-၁၆-၂၀၂၂
မျိုးဆက်(VOM)

ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကတော့ သူပိုင်ဆိုင်သမျှတွေကို ထပ်မံလှူဒါန်းသွားမယ်လို့ကတိပြုလိုက်ပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူများစာရင်း မ၀င်တော့တဲ့ထိ လှူသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်ဟာ သူ့ရဲ့ပရဟိတဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၂၀ ဘီလီယံလှူဒါန်းမယ်လို့ ကြေညာပြီးနောက် နောက်ထပ်လှူဒါန်းမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အချမ်းသာဆုံးစာရင်း၀င် ဘီလျံနာ ဘီဂိတ်ဟာ သူ့ရဲ့ကြွယ်၀ချမ်းသာသမျှကို လူ့အဖွဲ့အစည်းကို ပြန်လည်လှူဒါန်းဖို့ တာ၀န်ရှိတယ်လို့ ပြောပါတယ်။

သူ့ရဲ့ချမ်းသာကြွယ်၀မှုတွေကို လှူဒါန်းသွားမယ်လို့ ဘီဂိတ်က ၂၀၁၀ ခုနှစ်မှာ ပထမဆုံးအကြိမ်ကြေညာခဲ့ပြီး အဲဒီနောက်မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ နှစ်ဆတိုးလာခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့အဆိုအရ ဘီလ်ဂိတ်ရဲ့ ချမ်းသာကြွယ်၀မှုဟာ ၁၁၈ ဘီလီယံရှိခဲ့ပေမယ့် ၂၀၀၀ပြည့်နှစ်မှာ ဇနီးဟောင်းဖြစ်သူတည်ထောင်ခဲ့တဲ့ Bill & Melinda Gates Foundation ကို ဇူလိုင်လလှူဒါန်းပြီးနောက် ပိုင်ဆိုင်မှု သိသိသာသာနည်းပါးသွားတယ်လို့ ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

✕
VOM News

FREE
VIEW