စစ်ရေးတင်းမာမှုနဲ့ မိုင်းအန္တရာယ်တွေကြောင့် ရခိုင်ကစစ်ရှောင်တွေ နေရပ်ပြန်ရေး ပိုခက်ခဲလာ

ဇူလိုင် ၁၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေနဲ့ ကျေးလက်ဒေသတွေမှာ မိုင်းအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်နိုင်ရေးဟာ ပိုပြီး အလှမ်းဝေးခက်ခဲလာတယ်လို့ ပြောကြပါတယ်။ အဲဒီထဲမှာ စစ်တွေမြို့၊ တေဇာရာမကျောင်းတိုက် စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက တပ်မတော်နဲ့ အေအေတို့ကြား စစ်ရေးတင်းမာမှုဖြစ်ခဲတဲ့အပြင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းက ဟင်းရှာသွားတဲ့ စစ်ဘေးရှောင်တွေဟာလည်း မိုင်းထိမှန်ပြီး က်ိုယ်လက်အင်္ဂါတွေစွန့်လွှတ်လိုက်ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ “အဲဒီလို အခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေမှာ နေရပ်ပြန်နိုင်ရေး ပိုမိုအလှမ်းဝေးလာတယ်၊ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့အနာဂတ်တွေဟာလည်း မရေမရာဖြစ်လာတယ်”လို့ တေဇာရာမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတဦးကပြောပါတယ်။ တေဇာရာမကျောင်း စစ်ဘေရှောင်စခန်းမှာ အိမ်ထောင်စု ၅၀ ကျော်နဲ့ လူဦးရေ ၂၀၀ ရာကျော်ရှိပြီး…

Read More

အုတ်တွင်းမြို့မှာ မိခင်ကိုသတ်၊ ကလေးကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့သူတွေကို ဖမ်းမိ

ဇူလိူင် ၁၆ VOM (GG) ပဲခူးတိုင်းအ​​​ရှေ့ပိုင်း တောင်ငူခရိုင် ၊အုတ်တွင်းမြို့မှာ ဇူလိုင် ၁၃ ရက်ကဖြစ်ပွားခဲ့တဲ့ မိခင်ဖြစ်သူကို သတ်ပြီး အသက်မပြည့်သေးတဲ့သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ၃ ယောက်ကို ဖမ်းဆီး ရမိပြီဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။ လူသတ်တရားခံလို့ စွပ်စွဲဖမ်းဆီးခံရသူတွေကတော့ အုတ်တွင်း မြို့နယ် ပေါက်တောကျေးရွာအုပ်စု ရေဗွက်ရွာက ကိုညှက်(ခ) ငြိမ်းချမ်း အသက် ၂၉ နှစ် ၊ ပေါက်တောကျေးရွာအုပ်စု တောက်တဲ့ရွာက မျိုးသီဟ အသက် ၁၉နှစ် နဲ့ မျိုးသူရ အသက် ၁၆ နှစ် တို့ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုကို အခင်းဖြစ်ပွါးရာမှာ အသုံးပြုခဲ့တဲ့ဓား နဲ့အတူ မနေ့က ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” တရားခံ ၃ ယောက်ဖမ်းမိတာဟုတ်တယ် ။…

Read More

ရွှေဘိုမှာ လူသတ်ပြီး နေအိမ်အတွင်းပစ္စည်းတွေ ဓားပြတိုက်ယူဆောင်သွားမှု ဖြစ်ပွား

ဇူလိုင် ၊ ၁၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ ၊ အမှတ် ၆ ရက်ကွက်မှာ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ၁ ဦးရဲ့နေအိမ်ကို မနေ့ ဇူလိုင် ၁၅ရက် ည ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး အိမ်ရှင် အသတ်ခံရကာ မော်တော်ကားနဲ့ အတွင်းပစ္စည်းတွေ ပါသွားတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” အိမ်ရှင်က အသတ်ခံလိုက်ရတယ် ၊ နောက်ပြီး ကားနဲ့ ပိုက်ဆံအိတ် ၊ ဖုန်းတွေ ပါသွားတယ် ” လို့ ရွှေဘို အမှတ် ၆ ရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြမှုနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က…

Read More

အလွတ်တန်းသတင်းထောက် မေဘယ်လ် ဖမ်းဆီးပြီး ၇ လအကြာမှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ်အမိန့်ချခံရ

ဇူလိူင် ၁၆-၂၀၂၂ VOM (GG) ရန်ကုန်က အလွတ်တန်း သတင်းထောက် မေဘယ်လ် (ခ) ငြိမ်းငြိမ်းအေး ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ မေဘယ်လ်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်တရားစွဲဆို ဖမ်းဆီးပြီး ၇ လအကြာမှာ အမိန့်ချလိုက်တာဖြစ်ပါတယ်။ ” ၁၄ ရက်နေ့က အမိန့်ချတာ။အမိန့်ချချိန် ဘယ်သူမှမရှိဘူး။ ရှေ့နေကတော့ အယူခံ အဆင့်ဆင့်တက်မယ်ပြောတယ်။ အင်းစိန်အထူးတရားရုံးကချလိုက်တာ ” လို့ သတင်းထောက်မေဘယ်လ်ရဲ့မိတ်ဆွေတဦးကပြောပါတယ်။ သတင်းထောက် မေဘယ်လ်ကို ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ သတင်းရယူဖို့သွားစဥ် ဖမ်းဆီးခံရကာ တာမွေမြို့နယ်ရဲစခန်းမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ – ကနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တစ်နှစ်ကျော်ကာလအတွင်း…

Read More

ဂျပန်မှာ အိုမီခရွန်ဘီအေ-၅ ကြောင့် ကိုဗစ်-၁၉ ကူးစက်မှု တစ်သိန်းကျော်ထိ စံချိန်တင်မြင့်တက်လာ

တိုကျို၊ ဇူလိုင်-၁၆-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ဇူလိုင် ၁၅ ရက်မှာ တသိန်းကျော်ထိ စံချိန်တင်မြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ဖေဖော်ဝါရီလနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပတ်ကထက် နှစ်ဆပိုမိုနေကာ ကူးစက်မှုစုစုပေါင်းရဲ့ ငါးပုံတပုံကတော့ တိုကျိုဒေသမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အခြေအနေတွေဟာ သိသိသာသာပြောင်းလဲခဲ့ပြီး ဒီအခြေအနေအတွက် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ကျန်းမာရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ ကူးစက်မှုမြင့်တက်လာရခြင်းဟာ အလွန်ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးကွဲ ဘီအေ-၅ ကြောင့်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံတွင်းမှာ ကန့်သတ်ချက်သစ်တွေ ချမှတ်ဖို့ အစီအစဉ်မရှိသေးကြောင်း ၀န်ကြီးချုပ် ကီရှီဒါကထုတ်ဖော်ပြောဆိုထားပြီး သတိပေးချက်များကို ယခုအတိုင်းထားရှိသွားမည်ဖြစ်ကာ ဆေးဘက်ဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ရန် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ စတုတ္ထမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ဂျပန်အစိုးရက ဆက်လက်လုပ်ဆောင်နေပြီး နယ်စပ်လူ၀င်မှုဆိုင်ရာ ဖြေလျှော့မှုတွေကိုတော့ လက်ရှိမှာ ပြောင်းလဲခြင်းမရှိသေးပါဘူး။…

Read More

သူဌေးစာရင်းမ၀င်တော့တဲ့ထိ ပိုင်ဆိုင်မှုတွေလှူဒါန်းသွားမယ်လို့ သူဌေးကြီးဘီလ်ဂိတ် ကတိပြု

၀ါရှင်တန်၊ ဇူလိုင်-၁၆-၂၀၂၂ မျိုးဆက်(VOM) ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကတော့ သူပိုင်ဆိုင်သမျှတွေကို ထပ်မံလှူဒါန်းသွားမယ်လို့ကတိပြုလိုက်ပြီး နောက်ဆုံးမှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူများစာရင်း မ၀င်တော့တဲ့ထိ လှူသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်ဟာ သူ့ရဲ့ပရဟိတဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၂၀ ဘီလီယံလှူဒါန်းမယ်လို့ ကြေညာပြီးနောက် နောက်ထပ်လှူဒါန်းမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အချမ်းသာဆုံးစာရင်း၀င် ဘီလျံနာ ဘီဂိတ်ဟာ သူ့ရဲ့ကြွယ်၀ချမ်းသာသမျှကို လူ့အဖွဲ့အစည်းကို ပြန်လည်လှူဒါန်းဖို့ တာ၀န်ရှိတယ်လို့ ပြောပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်၀မှုတွေကို လှူဒါန်းသွားမယ်လို့ ဘီဂိတ်က ၂၀၁၀ ခုနှစ်မှာ ပထမဆုံးအကြိမ်ကြေညာခဲ့ပြီး အဲဒီနောက်မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ နှစ်ဆတိုးလာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရ ဘီလ်ဂိတ်ရဲ့ ချမ်းသာကြွယ်၀မှုဟာ ၁၁၈ ဘီလီယံရှိခဲ့ပေမယ့် ၂၀၀၀ပြည့်နှစ်မှာ ဇနီးဟောင်းဖြစ်သူတည်ထောင်ခဲ့တဲ့ Bill & Melinda Gates Foundation ကို ဇူလိုင်လလှူဒါန်းပြီးနောက် ပိုင်ဆိုင်မှု သိသိသာသာနည်းပါးသွားတယ်လို့ ပြောပါတယ်။ Ref: BBC Photo:Getty…

Read More

နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်း ဒေါ်လာတွေကို မြန်မာငွေနဲ့လဲလှယ်ရမယ်လို့ အသိပေး

ဇူလိုင် ၁၆-၂၀၂၂ VOM (GG) နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက နိုင်ငံ ခြားငွေတွေကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်လိုက်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD) လိုင်စင်ရဘဏ်တွေအနေနဲ့ ကုမ္ပဏီ နိုင်ငံခြားငွေစာရင်းက လက်ကျန်ငွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဝယ်ယူခြင်းကို ဇူလိူင်လ ၁၈ ရက်နေ့နောက်ဆုံးထား လုပ်ဆောင်ဖို့ မနေ့ ဇူလိူင်လ ၁၅ ရက်နေ့စွဲနဲ့ အသိပေးစာထုတ်ပြန်ထားတာ​ဖြစ်ပါတယ်။ ” ထုတ်ပြန်ချက်တွေကတော့ ဆက်တိုက်ကိုထွက်နေတာ။ နိုင်ငံခြားငွေစာရင်းလက်ကျန်တွေကို မြန်မာငွေနဲ့ လဲမယ်ဆိုတော့ လုပ်ငန်းတွေက အဆင်မ​ပြေတာတွေဖြစ်လာနိုင်တယ်။ကြာရင် ရင်းနှီးမြှုပ်နှံမှုတွေတောင် လျော့လာနိုင်တယ်။ ဒေါ်လာလိုအပ်ချက်ကိုပဲကြည့်ပြီး အကုန်လုပ်နေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်မှာစိုးရတယ်။နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေက အများကြီးလေ ၊စောင့်ကြည့်ရမှာပေါ့ “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ နိုင်ငံခြားငွေကို မြန်မာကျပ်နဲ့လဲလှယ်ဝယ်ယူတဲ့အခါ ဗဟိုဘဏ်သတ်မှတ်စျေး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ရောင်းချရတာဖြစ်ပြီး ပြင်ပဒေါ်လာပေါက်စျေးကတော့ အမေရိကန်တဒေါ်လာကို ၂၂၀၀…

Read More

ကျိုက်လတ်မှာ နိုင်ငံရေးသံသယနဲ့ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁ ဦးအထိရှိလာ

ကျိုက်လတ်၊ ဇူလိုင် ၁၆၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်၀ါရီ၁ရက်နောက်ပိုင်း နိုင်ငံရေးသံသယနဲ့ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁ ယောက်အထိရှိလာပြီလို့ အမိန့်ချမှတ်ခံရတဲ့မိသားစုတွေဆီကနေသိရပါတယ်။ ကျိုက်လတ်မြို့နယ်မှာ မနေ့ ဇူလိုင် ၁၅ ရက်အထိကျောင်းဆရာမ ၂ ယောက်အပါအဝင် လူ ၁၁ ယောက်အထိ ထောင်ဒဏ်အမိန့်ချမှတ်ခံထားရပြီ ၅ဝ၅-ကနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရသူ ၃ ယောက်၊ ဆရာမ ၂ ယောက်အပါအ၀င် ၈ ယောက်ကို အကြမ်းဖက်မှု ဥပဒေ၅၂(ခ)နဲ့ ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ ”ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ အရပ်သားတွေနဲ့ ဆရာမတွေအားလုံးကို ဆန္ဒပြတယ်၊ နိုင်ငံလုပ်တယ်ဆိုပြီး သံသယနဲ့ဖမ်း ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ထားတာ၊ကျောင်းဆရာမ ၂ ယောက်ဖြစ်တဲ့ဒေါ်မြင့်မြင့်ရီနဲ့ ဒေါ်မြင့်မြင့်စီတို့ ၂ ယောက်အပါဝင် ၁၁ ယောက်အထိ ထောင်ဒဏ်တွေချမှတ်ခံရတာပါ၊ဆရာမ ၂ ယောက်ကို အကြမ်ဖက်မှုဥပဒေနဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ထားတယ်၊…

Read More

အိန္ဒိယမှာ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိ ၊ ကမ္ဘာနိုင်ငံ ၆၀ မှာ ကူးစက်ခံရသူ ၉၀၀၀ ကျော်ရှိနေ

ဒေလီ၊ ဇူလိုင်-၁၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူအေအီးနိုင်ငံမှ ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသားဟာ ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်သို့ ပြန်ရောက်ပြီးကတည်းက ဆေးရုံမှာ သီးခြားထားစောင့်ကြည့်ခဲ့ပြီး သူနဲ့အတူ လေယာဉ်ပေါ်ပါခရီးသည် ၁၁ ဦးကိုလည်း စောင့်ကြည့်ဖို့် ညွှန်ကြားထားပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်နယ်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားကြောင်း အိန္ဒိယအစိုးရကပြောပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများစုဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရေပြားမှာ အနာဖြစ်ခြင်းတို့ဖြစ်ပါတယ်။ မကြာသေးမီကာလအတွင်း နိုင်ငံပေါင်း ၆၀ ၀န်းကျင်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၉၀၀၀ ကျော်ထိရှိလာကြောင်း…

Read More

ပဲခူးမှာ ရာအိမ်မှူးတဦး ဓားနဲ့ခုတ်သတ်ခံရပြီး ဓားနဲ့ခုတ်သူကို မမိလို့ မိသားစုကိုဖမ်းဆီးထား

ဇူလိူင် ၁၆-၂၀၂၂ VOM (GG) ပဲခူးမြို့၊အိုးလေးစု (ပြည်တော်သာ)ရပ်ကွက် ရာအိမ်မှူးတဦး နေအိမ်ပေါ်ထိတက်ပြီး ဓားနဲ့ခုတ်ခံရလို့သေဆုံးမှု မနေ့ ဇူလိူင် ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့တွေရောက်လာပြီး စစ်ဆေးရှာဖွေတာတွေပြုလုပ်ကာ ဓားနဲ့ခုတ်သူရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ” အခု ဓားနဲ့ဝင်ခုတ်တဲ့သူကတော့ လွတ်သွားတယ်။ကျန်ခဲ့တဲ့မိသားစုကိုတော့ စစ်တပ်နဲရဲကလာဖမ်းသွားတယ် ၅ နှစ်ကလေးရောအကုန်ပါသွားတယ် ။ အခုဓားနဲ့ဝင်ခုတ်တဲ့လူရဲ့ ညီကလည်း သူ့ကြောင့်ပဲအဖမ်းခံထားရတာ။ဒါကြောင့်ခုတ်တာလို့ပြောတယ် ” လို့ ဒေသခံကပြောပါတယ်။ ရာအိမ်မှူး ကိုကျော်ဆိုသူကြောင့် အရင်ကလည်း ရပ်ကွက် နေလူငယ်တချို့ဖမ်းဆီးခံရတာမျိုးရှိတယ်လို့ ဒေသခံအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိူင်လ ၉ ရက်နဲ့ ၁၀ ရက်တုန်းကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊အုတ်ဖို၊ မင်းလှမြို့နယ်တို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူး လင်မယား သေနတ်နဲ့ပစ်ခံရပြီး ၃ယောက်သေဆုံးမှုရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ပဲခူး…

Read More
VOM News

FREE
VIEW