အုတ်တွင်းမြို့မှာ မိခင်ကိုသတ်၊ ကလေးကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့သူတွေကို ဖမ်းမိ

ဇူလိူင် ၁၆
VOM (GG)

ပဲခူးတိုင်းအ​​​ရှေ့ပိုင်း တောင်ငူခရိုင် ၊အုတ်တွင်းမြို့မှာ ဇူလိုင် ၁၃ ရက်ကဖြစ်ပွားခဲ့တဲ့ မိခင်ဖြစ်သူကို သတ်ပြီး အသက်မပြည့်သေးတဲ့သမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ၃ ယောက်ကို ဖမ်းဆီး ရမိပြီဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

လူသတ်တရားခံလို့ စွပ်စွဲဖမ်းဆီးခံရသူတွေကတော့ အုတ်တွင်း မြို့နယ် ပေါက်တောကျေးရွာအုပ်စု ရေဗွက်ရွာက ကိုညှက်(ခ) ငြိမ်းချမ်း အသက် ၂၉ နှစ် ၊ ပေါက်တောကျေးရွာအုပ်စု တောက်တဲ့ရွာက မျိုးသီဟ အသက် ၁၉နှစ် နဲ့ မျိုးသူရ အသက် ၁၆ နှစ် တို့ဖြစ်တယ်လို့သိရပါတယ်။

သူတို့ကိုကို အခင်းဖြစ်ပွါးရာမှာ အသုံးပြုခဲ့တဲ့ဓား နဲ့အတူ မနေ့က ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” တရားခံ ၃ ယောက်ဖမ်းမိတာဟုတ်တယ် ။
အမှုမှာတော့ ကလေးနဲ့ပတ်သက်လို့ သက်ငယ်မုဒိန်း ၃၇၆ ဆိုပြီးတပ်ထားတာမတွေ့ရဘူး။ ကလေးမလေးကအသက်မပြည့်သေးဘူး။ ကြိုးတုပ်ခံရတယ်၊လက်သီးနဲ့အထိုးခံရတယ်၊ရိုက်နှက်ခံရတယ်၊ ခုလည်း တောင်ငူဆေးရုံမှာ ကုသမှုခံနေတယ်။ စိတ်ဒဏ်ရာရတာမျိုးလည်း ရှိနေနိုင်တယ်။ ဥပဒေကို ဝေဖန်တာမျိုးမဟုတ်ဘူး ကလေးအခွင့်အရေးအပြည့်ရသင့်တယ်။ ” လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

ဇူလိူင်လ ၁၃ ရက်နေ့မှာ အုတ်တွင်းမြို့စျေးရပ်ကွက်နေ ဒေါ်ယုယုခိုင်(ခ) ဘုတ်ဆုံ နဲ့ သမီးဖြစ်သူကို အမျိုးသားတဦးက ဆိုင်ကယ်နဲ့ တင်ဆောင်ပြီး အုတ်တွင်းမြို့နယ် ရေဗွက်ရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ တောအတွင်းက တိုက်အိမ်ကို ခေါ်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ၊ အဲ့ဒီနောက် အမေဖြစ်သူကို သတ်ဖြတ်ခဲ့ကာ သမီးကိုလည်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းမိသူတွေကို သက်ဆိုင်ရာ အုတ်တွင်းမြို့မစခန်းက ရာဇသတ်ကြီးပုဒ္်မ၃၀၂/၃၂၅ အရ အမှု့ဖွင့်အရေးယူထားပြီး သက်ငယ်မုဒိမ်းမှုအပေါ်အမှုဖွင့်အရေးယူထားတာမျိုး မတွေ့ရဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #အုတ်တွင်း

Related posts

Leave a Comment

VOM News

FREE
VIEW