ပဲခူးမှာ ရာအိမ်မှူးတဦး ဓားနဲ့ခုတ်သတ်ခံရပြီး ဓားနဲ့ခုတ်သူကို မမိလို့ မိသားစုကိုဖမ်းဆီးထား

ဇူလိူင် ၁၆-၂၀၂၂
VOM (GG)

ပဲခူးမြို့၊အိုးလေးစု (ပြည်တော်သာ)ရပ်ကွက် ရာအိမ်မှူးတဦး နေအိမ်ပေါ်ထိတက်ပြီး ဓားနဲ့ခုတ်ခံရလို့သေဆုံးမှု မနေ့ ဇူလိူင် ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့တွေရောက်လာပြီး စစ်ဆေးရှာဖွေတာတွေပြုလုပ်ကာ ဓားနဲ့ခုတ်သူရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

” အခု ဓားနဲ့ဝင်ခုတ်တဲ့သူကတော့ လွတ်သွားတယ်။ကျန်ခဲ့တဲ့မိသားစုကိုတော့ စစ်တပ်နဲရဲကလာဖမ်းသွားတယ် ၅ နှစ်ကလေးရောအကုန်ပါသွားတယ် ။ အခုဓားနဲ့ဝင်ခုတ်တဲ့လူရဲ့ ညီကလည်း သူ့ကြောင့်ပဲအဖမ်းခံထားရတာ။ဒါကြောင့်ခုတ်တာလို့ပြောတယ် ” လို့ ဒေသခံကပြောပါတယ်။

ရာအိမ်မှူး ကိုကျော်ဆိုသူကြောင့် အရင်ကလည်း ရပ်ကွက် နေလူငယ်တချို့ဖမ်းဆီးခံရတာမျိုးရှိတယ်လို့ ဒေသခံအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လ ၉ ရက်နဲ့ ၁၀ ရက်တုန်းကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊အုတ်ဖို၊ မင်းလှမြို့နယ်တို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူး လင်မယား သေနတ်နဲ့ပစ်ခံရပြီး ၃ယောက်သေဆုံးမှုရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ရာအိမ်မှူး #ဓားနဲ့ခုတ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW