စစ်ရေးတင်းမာမှုနဲ့ မိုင်းအန္တရာယ်တွေကြောင့် ရခိုင်ကစစ်ရှောင်တွေ နေရပ်ပြန်ရေး ပိုခက်ခဲလာ

ဇူလိုင် ၁၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေနဲ့ ကျေးလက်ဒေသတွေမှာ မိုင်းအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်နိုင်ရေးဟာ ပိုပြီး အလှမ်းဝေးခက်ခဲလာတယ်လို့ ပြောကြပါတယ်။

အဲဒီထဲမှာ စစ်တွေမြို့၊ တေဇာရာမကျောင်းတိုက် စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက တပ်မတော်နဲ့ အေအေတို့ကြား စစ်ရေးတင်းမာမှုဖြစ်ခဲတဲ့အပြင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းက ဟင်းရှာသွားတဲ့ စစ်ဘေးရှောင်တွေဟာလည်း မိုင်းထိမှန်ပြီး က်ိုယ်လက်အင်္ဂါတွေစွန့်လွှတ်လိုက်ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

“အဲဒီလို အခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေမှာ နေရပ်ပြန်နိုင်ရေး ပိုမိုအလှမ်းဝေးလာတယ်၊ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့အနာဂတ်တွေဟာလည်း မရေမရာဖြစ်လာတယ်”လို့ တေဇာရာမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတဦးကပြောပါတယ်။

တေဇာရာမကျောင်း စစ်ဘေရှောင်စခန်းမှာ အိမ်ထောင်စု ၅၀ ကျော်နဲ့ လူဦးရေ ၂၀၀ ရာကျော်ရှိပြီး ပလက်ဝမြို့နယ်တွင်း ကျေးရွာတွေက နေရပ်စွန့်ခွာလာသူအများစုဖြစ်ကာ စားဝတ်နေရေး၊ ကျန်းမာရေနဲ့ ပညာရေးအခက်အခဲတွေကို ရင်ဆိုင်နေရတာကြောင့် အခုဆိုရင် စစ်ဘေးရှောင်ဘဝနဲ့နေလာတာ ၃ နှစ်ကျော်လာပြီဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW