MPT Exchange ရုံး မီးလောင်မှုကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ

ဖေဖော်ဝါရီ ၇ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ MPT Exchange ရုံး ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ သိရပါတယ်။

မီးလောင်မှုကြောင့် server အကုန်ချထားတဲ့အတွက် MPT Data တွေ ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ် MPT ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းကျနေတယ်။ ခေါ်လို့မရဘူး။ တိုင်က မိလိုက်မမိလိုက် ဖြစ်နေတယ်။ အိမ်ကိုခေါ်ကြည့်တာ ဖုန်းက အဝင်မပြဘဲ ချက်ချင်းပြန်ပြန်ကျသွားတယ်“လို့ MPT ဆင်းမ်ကတ် သုံးစွဲသူတဦးက ပြောပါတယ်။

မနက် ၁၀ နာရီ၂၃ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့တဲ့ အဲ့ဒီမီးလောင်မှုဖြစ်စဉ်ဟာ မိနစ် ၂၀ ခန့် ကြာခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်တွေ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးလောင်ဆုံးရှုံးမှုနဲ့ မီးလောင်ကျွမ်းရမှု အခြေအနေကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်တာမရှိသေးပါဘူး။

#voiceofmyanmar #VOM #ရန်ကုန် #MPTရုံး #မီးလောင်မှု

Related posts

VOM News

FREE
VIEW