အရှေ့မှန်ကျောင်း၊ ဟမ့်ပ်ရှိုင်းယား နှင့် ကုန်းဘောင်ညွန့် တက်နေတော်မှာ

ဆူးငှက် အရှေ့ကျုံးလမ်းသည် မန္တလေး၏ အလှဆုံး လမ်းတစ်လမ်းဖြစ်၏။ ယခုကဲ့သို့ ကျုံးပတ်ခြောက်လမ်းသွား မဖောက်လုပ်မီကပင် အရှေ့ကျုံးလမ်းသည် လမ်းအရည်အသွေး ကောင်းမွန်လှသည်။ လမ်း၏ အရှေ့ဘက်ခြမ်းမှာက အရိပ်ကောင်းလှသော မန်ကျည်းပင်၊ ကုက္ကိုပင်ကြီးတွေ တန်းစီနေသည်။ လူနေအိမ်ခြေ မရှိသလောက် နည်းပါးလှပြီး ခြံဝင်းကျယ်၊ ကွင်းပြင်ကျယ်ကြီးများသာ ရှိသောကြောင့် ရန်ကင်းတောင်နှင့်အရှေ့ရိုးမကို လှမ်းမျှော်ကြည့်နိုင်၏။အောင်ပင်လယ်၏ ကောက်သင်းရနံ့လေလည်း အတားအဆီးမရှိ ဒလဟောဝင်နိုင်သည့် လမ်းမကြီးဖြစ်သည်။ ညဦးပိုင်းကာလများရောက်လျှင် လူပျိုပေါက်အရွယ် ကျွန်တော်တို့တွေသည် စက်ဘီးအုပ်ကြီးဖြင့် အရှေ့ကျုံးလမ်း တစ်လျှောက်မှာ သီချင်းတွေ အောဟစ်သီဆိုခဲ့ရသော ငယ်ဘဝများကိုလည်း သတိရမိသည်။ အနောက်တောင် ကျုံးထောင့် ကျုံးရေစပ် တံတားလေးပေါ်မှာ လူစုကြပြီး စက်ဘီးကိုယ်စီဖြင့် အရှေ့သို့တက်သည်။ အရှေ့ကျုံးထောင့်ရောက်တော့ မြောက်ဆီဦးတည်၍ စက်ဘီးနင်းကြသည်။ မာကျူရီမီးလုံးရောင်အောက်တွင် ပိုးပုရစ်သံလေးသာ ဟိုမှသည်မှ ပေါ်ထွက်နေပြီး အရှေ့ကျုံးလမ်းသည် တိတ်ဆိတ်ခြင်းသာ မင်းမူနေတော့သည်။ ထိုအခါ ကျွန်တော်တို့သည် စိတ်ရှိလက်ရှိ ရင်ထဲရှိသမျှ…

Read More

ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အလောင်း၂ လောင်းတွေ့

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၃ SP(VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းနဲ့ ၁၇ လမ်းထိပ် ၊ ချယ်ရီ ဟိုတယ်အနီးမှာ ဖေဖော်ဝါရီ ၇ ရက် ၊ ဒီကနေ့ မနက် အစောပိုင်းက အသတ်ခံထားရတဲ့ အလောင်း၂ လောင်းတွေ့ရှိခဲ့တယ်လို့ ပြင်ဦးလွင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၂ ယောက် ၊ ဓားနဲ့ထိုးပြီး အသတ်ခံထားရတာပါ ၊ အသက်က ၂၀ နဲ့ ၃၀ ကြား အရွယ်တွေဖြစ်တယ် ၊ အခုတော့ အဲ့ဒီ အလောင်းတွေကို ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကူညီပေးထားတယ်”လို့ သန္တိသုခ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင် လုံခြုံရေး အဖွဲ့နဲ့…

Read More

MPT Exchange ရုံး မီးလောင်မှုကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ

ဖေဖော်ဝါရီ ၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ MPT Exchange ရုံး ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ သိရပါတယ်။ မီးလောင်မှုကြောင့် server အကုန်ချထားတဲ့အတွက် MPT Data တွေ ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “လောလောဆယ် MPT ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းကျနေတယ်။ ခေါ်လို့မရဘူး။ တိုင်က မိလိုက်မမိလိုက် ဖြစ်နေတယ်။ အိမ်ကိုခေါ်ကြည့်တာ ဖုန်းက အဝင်မပြဘဲ ချက်ချင်းပြန်ပြန်ကျသွားတယ်“လို့ MPT ဆင်းမ်ကတ် သုံးစွဲသူတဦးက ပြောပါတယ်။ မနက် ၁၀ နာရီ၂၃ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့တဲ့ အဲ့ဒီမီးလောင်မှုဖြစ်စဉ်ဟာ မိနစ် ၂၀ ခန့် ကြာခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်တွေ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တွေ…

Read More

တူရကီငလျင်ကြောင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိလာ၊ လူ ၁၅၀၀၀ ကျော်ဒဏ်ရာရ

အန်ကာရာ၊ ဖေဖော်ဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) တူရကီနိုင်ငံအရှေ့တောင်ပိုင်းတွင် အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေရဲ့အားထုတ်မှုတွေဟာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆီးနှင်းကျဆင်းတာတွေကြောင့် အခက်ကြုံနေရပါတယ်။ မနေ့ကမနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လူပေါင်း ၄၃၀၀ ကျော်သေဆုံးခဲ့ပြီး ၁၅၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးကို အရှိန်မြှုင့်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် အများအပြားတိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုထားပါတယ်။ မြေငလျင်ဟာ ဂါဇီယန်တက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်အကွာကိုဗဟိုပြုပြီး အင်အား ၇ ဒသမ ၈ အဆင့်နဲ့လှုပ်ခတ်သွားတာဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အသက်ရှင်သူများကို ရှာဖွေကယ်ဆယ်ရေးအတွက် အနံ့ခံခွေးများ၊ ပစ္စည်းကိရိယာများအပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို နိုင်ငံတကာက ပေးပို့ထောက်ပံ့နေပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #အန်ကာရာ

Read More

အာရှရဲ့အကြီးဆုံး ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံသစ် အိန္ဒိယမှာဖွင့်လှစ်

ဒေလီ၊ ဖေဖော်ဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ကြီးထွားလာတဲ့ စစ်ရေးအင်အားကိုတန်ပြန်ဖို့အတွက် ကာကွယ်ရေးဆိုင်ရာ တွန်းအားပေးမှုတရပ်အဖြစ် တနှစ်ကိုရဟတ်ယာဉ်အစင်းရေ တထောင်ထက်မနည်းထုတ်လုပ်နိုင်တဲ့ အကြီးဆုံးစက်ရုံကို ဖေဖော်ဝါရီ ၆ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်းတလျှောက် နယ်စပ်ချင်းထိစပ်နေတဲ့ ပထဝီနိုင်ငံရေးပြိုင်ဘက် တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လက်နက်အကြီးအကျယ်တင်ပို့တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ပြည်တွင်းမှာ ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းများထုတ်လုပ်ရေးကို တွန်းအာပေးနေပေမယ့်် မိတ်ဖက်ဖြစ်သူ ရုရှားဆိကနေ ပစ္စည်းကိရိယာအစိတ်အပိုင်းတွေအပေါ် မှီခိုနေရပါတယ်။ ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံသစ်ကြောင့် ကာကွယ်ရေးလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံက အခြားနိုင်ငံတွေအပေါ် မှီခိုနေရခြင်းကို တဖြည်းဖြည်းလျှော့ချနိုင်မယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီကပြောပါတယ်။ အာရှရဲ့အကြီးဆုံးရဟတ်ယာဉ်စက်ရုံအဖြစ်သတ်မှတ်နိုင်တဲ့ အဲဒီစက်ရုံဟာ အပေါ့စားရဟတ်ယာဉ်တွေကို ကနဦးမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသောဘက်စုံသုံးရဟတ်ယာဉ်တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Ref: CNA #voiceofmyanmar #VOM #ဒေလီ

Read More

ထိုင်းမှာ တွင်းထဲပြုတ်ကျသွားတဲ့ တနှစ်ခွဲအရွယ်မြန်မာကလေးငယ်ကို ၁၈ နာရီကြာမှာ ကယ်တင်နိုင်ခဲ့

ဘန်ကောက်၊ ဖေဖော်ဝါရီ-၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က စိုက်ခင်းတခုမှာရှိတဲ့ ရေတွင်းဟောင်းထဲကို ပြုတ်ကျသွားတဲ့ တသက်တနှစ်ခွဲကျော် မြန်မာမိန်းကလေးငယ်ကို ၁၈ နာရီကြာ ကယ်ဆယ်ရေးတွေလုပ်ဆောင်ပြီးနောက် မြေပြင်ပေါ်ရောက်အောင် ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီကလေးငယ်ကို ၁၃ မီတာအနက်ကနေ ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကယ်တင်နိုင်ခဲ့ပြီး ကလေးငယ်ဟာထိတ်လန့်နေပေမယ့် အသက်အန္တရာယ်မရှိကြောင်း၊ လက်ရှိမှာ ဖုဖရခရိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ကလေးငယ်ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့ မအဌေးရဲ့ သမီးဖြစ်ပြီး ပျောက်ဆုံးသွားပြီးနောက် ရှာဖွေရာ တွင်းဟောင်းထဲကိုပြုတ်ကျခဲ့တာကို သိရှိပြီးနောက် တာ၀န်ရှိသူတွေကို အကြောင်းကြားကာ ကယ်ဆယ်ရေးတွေကို အပူတပြင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကယ်ဆယ်ရာမှာ ကယ်ဆယ်ရေးအဖွဲ့ငါးဖွဲ့လာရောက်ခဲ့ပြီး ဘတ်ဟိုးတွေနဲ့ တွင်းအနက် ၁၃ မီတာထိတူးခဲ့ကြပြီး ကလေးငယ်ရဲ့အသံကိုကြားရပြီးနောက် ကင်မရာတွေချပြီး ကြည့်ရှုခဲ့ကြာ တွင်းထဲကို အောက်ဆီဂျင်ပို့လွှတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုညလုံးပေါက် ကယ်ဆယ်ရေးတွေလုပ်ခဲ့ပြီးနောက် ၁၈ နာရီအကြာ ဒီနေ့မနက်မှာတော့…

Read More
VOM News

FREE
VIEW