ထိုင်းမှာ တွင်းထဲပြုတ်ကျသွားတဲ့ တနှစ်ခွဲအရွယ်မြန်မာကလေးငယ်ကို ၁၈ နာရီကြာမှာ ကယ်တင်နိုင်ခဲ့

ဘန်ကောက်၊ ဖေဖော်ဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က စိုက်ခင်းတခုမှာရှိတဲ့ ရေတွင်းဟောင်းထဲကို ပြုတ်ကျသွားတဲ့ တသက်တနှစ်ခွဲကျော် မြန်မာမိန်းကလေးငယ်ကို ၁၈ နာရီကြာ ကယ်ဆယ်ရေးတွေလုပ်ဆောင်ပြီးနောက် မြေပြင်ပေါ်ရောက်အောင် ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီကလေးငယ်ကို ၁၃ မီတာအနက်ကနေ ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကယ်တင်နိုင်ခဲ့ပြီး ကလေးငယ်ဟာထိတ်လန့်နေပေမယ့် အသက်အန္တရာယ်မရှိကြောင်း၊ လက်ရှိမှာ ဖုဖရခရိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ကလေးငယ်ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့ မအဌေးရဲ့ သမီးဖြစ်ပြီး ပျောက်ဆုံးသွားပြီးနောက် ရှာဖွေရာ တွင်းဟောင်းထဲကိုပြုတ်ကျခဲ့တာကို သိရှိပြီးနောက် တာ၀န်ရှိသူတွေကို အကြောင်းကြားကာ ကယ်ဆယ်ရေးတွေကို အပူတပြင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုကယ်ဆယ်ရာမှာ ကယ်ဆယ်ရေးအဖွဲ့ငါးဖွဲ့လာရောက်ခဲ့ပြီး ဘတ်ဟိုးတွေနဲ့ တွင်းအနက် ၁၃ မီတာထိတူးခဲ့ကြပြီး ကလေးငယ်ရဲ့အသံကိုကြားရပြီးနောက် ကင်မရာတွေချပြီး ကြည့်ရှုခဲ့ကြာ တွင်းထဲကို အောက်ဆီဂျင်ပို့လွှတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုညလုံးပေါက် ကယ်ဆယ်ရေးတွေလုပ်ခဲ့ပြီးနောက် ၁၈ နာရီအကြာ ဒီနေ့မနက်မှာတော့ မြန်မာကလေးငယ်ကို ဘေးကင်းစွာနဲ့ ကယ်တင်နိုင်ခဲတာဖြစ်ပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW