တူရကီငလျင်ကြောင့် သေဆုံးသူ ၄၃၀၀ ကျော်ရှိလာ၊ လူ ၁၅၀၀၀ ကျော်ဒဏ်ရာရ

အန်ကာရာ၊ ဖေဖော်ဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

တူရကီနိုင်ငံအရှေ့တောင်ပိုင်းတွင် အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေရဲ့အားထုတ်မှုတွေဟာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆီးနှင်းကျဆင်းတာတွေကြောင့် အခက်ကြုံနေရပါတယ်။

မနေ့ကမနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လူပေါင်း ၄၃၀၀ ကျော်သေဆုံးခဲ့ပြီး ၁၅၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးကို အရှိန်မြှုင့်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် အများအပြားတိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုထားပါတယ်။

မြေငလျင်ဟာ ဂါဇီယန်တက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်အကွာကိုဗဟိုပြုပြီး အင်အား ၇ ဒသမ ၈ အဆင့်နဲ့လှုပ်ခတ်သွားတာဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အသက်ရှင်သူများကို ရှာဖွေကယ်ဆယ်ရေးအတွက် အနံ့ခံခွေးများ၊ ပစ္စည်းကိရိယာများအပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို နိုင်ငံတကာက ပေးပို့ထောက်ပံ့နေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW