လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ပြည်သူတွေကိုငဲ့ညှာကြဖို့ မင်းရွာ မီးဘေးသင့်ပြည်သူတွေ တောင်းဆို

မတ် ၁၉-၂၀၂၃
Voice Of Myanmar(VOM)

အိမ်ခြေတထောင်ကျော်ရှိတဲ့ အရာတော်မြို့နယ်ထဲက မင်းရွာမှာ ပြီးခဲ့‌တဲ့ ဖေဖော်ဝါလအတွင်းက မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် (၉၀၀)ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာအနီးမှာ ထိ​တွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့တာကြောင့် အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုဆိုရင် ရွာသားတွေဟာ အိုးမဲ့အိမ်မဲ့အခြေအနေနဲ့ ကျီးလန့်စာစား နေထိုင်နေကြရပြီး နိုင်ငံရေးအရ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ပြည်သူတွေ ထိခိုက်မှုမရှိအောင် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဆောင်ကြဖို့ ‌မီးဘေးသင့်ပြည်သူတွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။

#voiceofmyanmar #VOM #မင်းရွာ

Related posts

Leave a Comment

VOM News

FREE
VIEW