တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ကနေဒါ စဉ်းစားနေ

တိုရွန်တို၊ မေ-၅-၂-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါလွှတ်တော်အမတ်တဦးနဲ့ သူ့မိသားစုကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေကြောင်း ကနေဒါက စွပ်စွဲပြီးနောက် တရုတ်သံတမန်တွေကို နိုင်ငံတွင်းကနေနှင်ထုတ်ဖို့ စဉ်းစားနေကြောင်း ကနေဒါတာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီ သတိပေးဖို့ ကနေဒါဆိုင်ရာ တရုတ်သံအမတ်ကြီးကို မေ ၄ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားဖို့ကြိုးပမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ကနေဒါလွှတ်တော်အမတ်နဲ့ မိသားစုအသေးစိတ်အချက်အလက်တွေကို တရုတ်နိုင်ငံက ရှာဖွေနေတယ်လို့ ကနေဒါထောက်လှမ်းရေး အေဂျင်စီက ယုံကြည်နေပါတယ်။

တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း အဲဒီလွှတ်တော်အမတ်က စွပ်စွဲခဲ့ဖူးပါတယ်။ ကနေဒါပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုတွေကို သည်းခံမှာ မဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်အတွက် သံတမန်တွေကို နှင်ထုတ်ခြင်းအပါအ၀င် အခြားသောရွေးချယ်စရာ အစီအမံတွေကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW