မှော်ဘီက မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိပြီး သေဆုံး

မေ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မူကြိုကျောင်းတစ်ကျောင်းမှာ ကလေးငယ်တစ်ဦး ကျောင်းကားထဲ ပိတ်မိ သေဆုံးမှု မနေ့ မေ ၄ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ အသက် ၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်ပြီး မနက် ၉ နာရီ ကျောင်းတက်ချိန်ကနေ နေ့လယ် ၁ နာရီခွဲ ကျောင်းဆင်းအချိန်အထိ ကျောင်းကားထဲ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူ့အမေက ညနေကျောင်းဆင်းချိန် ကလေးပြန်မလာသေးလို့ ကျောင်းကို ဖုန်းဆက်မေးတော့မှ ကလေးပျောက်မှန်းသိပြီး လိုက်ရှာကြတယ်လို့ သိရတယ်။ ပြန်တွေ့တဲ့အချိန်မှာ ကလေးက အသက်မရှိတော့ဘူး။ ကလေးက ရာသီဥတု ပူပူလောင်လောင်နဲ့ ကားပေါ်မှာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာပါ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က အသုံးပြုခဲ့တဲ့ မူကြိုကျောင်းကားဟာ…

Read More

အကြောင်းအမျိုးမျိုးကြောင့် မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးဘဲ ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရ

မေလ၊၅-၂၀၂၃ MM [VOM] နိုင်ငံတဝှမ်းမှာ အကြောင်း အမျိုးမျိုးကြောင့် မွေးမြူရေး လုပ်ငန်းတွေရပ်နားထားရပြီးပျှမ်းမျှ ၃၀ ရာခိုင်နှုန်း လောက်သာလည်ပတ်နေကာ ၇၀ ရာခိုင်နှုန်းအထိ ရပ်နား နေရတယ်လို့မွေးမြူရေးလုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။ ကိုဗစ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားတဲ့ဒဏ်တွေကြောင့် မွေးမြူရေးသုံး စရိတ်တွေတက်လာတာ၊လုပ်သားခတွေတက်လာတာ၊ အစာဈေး ၊ ဆေးဈေးတွေ တက်လာတာ၊ထွက်ကုန်တွေ ရောင်းချတဲ့အခါ ပြည်တွင်း ဈေးကွက် တခုတည်းကို အားကိုနေရတာ၊ သယ်ယူစရိတ် တွေ အရင်ထက် ၂ ဆလောက်မြင့်တက်လာတာ စတဲ့အခြေအနေ အခက်အခဲတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေ ၃၀ ရာခိုင်နှုန်းသာ လည်ပတ်နေပြီး ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရတယ်လို့ သိရပါတယ်။ ”အခု မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ် နိုင်သေးပါဘူး၊အရင်က မွေးမြူရေး လုပ်ငန်းရှင်တချို့က ကာလပေါ်အလုပ်တွေကိုပဲ လုပ်လာတော့တယ်၊ မွေးမြူရေးအလုပ်ကို မလုပ်တော့ဘူး၊ ရှုံးတဲ့ဒဏ်ကို ရေရှည် တောင့်မခံနိုင်တော့တဲ့လုပ်ငန်းရှင်တွေ…

Read More

ဆာဘီးယားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက်အစုလိုက်အပြုံလိုက်ပစ်ခတ်မှု လူရှစ်ယောက်သေဆုံး

ဘဲလ်ဂရိတ်၊ မေ-၅-၂၀၂၃ မျိုးဆက်(VOM) ဆာဘီးယားနိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း လူရှစ်ယောက်သေဆုံးသွားပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။ သေနတ်သမားဟာ ဘဲလ်ဂရိတ်တောင်ဘက် ၃၇ မိုင်အကွာရှိ ကျေးရွာတရွာအနီးမှာ မောင်းနေတဲ့ကားပေါ်ကနေ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူဟာ ဒူဘိုနားမြို့ရှိ ပန်းခြံတခုမှာ ရဲတဦးနဲ့အချင်းများပြီးနောက် အသက် ၂၀ အရွယ်အဲဒီအမျိုးသားက မောင်းပြန်သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ အဲဒီနောက် ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ သေနတ်သမားကို ရဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ခြေရာခံပြီးနောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မေ ၃ ရက်ကလည်း ဘဲလ်ဂရိတ်မြို့ရှိ စာသင်ကျောင်းတကျောင်းမှာ ၁၃ နှစ်အရွယ် ယောက်ကျားလေးတဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားရှစ်ယောက်နဲ့…

Read More

မုန်တိုင်းအန္တရာယ် အထူးသတိပြုဖို့ လိုအပ်

မေ ၅ – ၂၀၂၃ SN (VOM) ဘင်္ဂလားပင်လယ်အော်အတွင်း လာမယ့် မေ ၈ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးဂရုပြုဖို့ လိုအပ်တယ်လို့ မိုးလေသဝပညာရှင်တွေက သတိပေးထားပါတယ်။ မေ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မေ ၇ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအား ကောင်းလာနိုင်ကာ မေ ၈ ရက်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ “ဧပြီလကုန် မေလဆန်းရက်တွေက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးတွေ ဖြစ်တတ်တဲ့အချိန်ဆိုတော့ မုန်တိုင်းဘေးလျော့ပါးရေး ကြိုတင်ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။ လာမယ့် ၈ ရက်နေ့မှာ မုန်တိုင်းက ဖြစ်လာဖို့ရှိပါတယ်။ ကျန်တာမသေချာသေးပါဘူး” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန…

Read More

တပတ်အတွင်း ကမ္ဘာ့စီးပွားရေး သတင်းမြင်ကွင်း

မျိုးဆက်(VOM) (၁)-အိန္ဒိယ Go First လေကြောင်းလိုင်း ဒေဝါလီခံပြီ အိန္ဒိယအခြေစိုက် ဘက်ဂျက်လေကြောင်းတခုဖြစ်တဲ့ Go First လေကြောင်းလိုင်းဟာ ဒေဝါလီခံဖို့ မေ ၃ ရက်က လျှောက်ထားလိုက်ပြီး နောက်သုံးရက်အတွင်းစီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အခုလိုဒေဝါလီခံရဖို့ဖြစ်လာတာဟာ Pratt & Whitney ထုတ်အင်ဂျင်တွေကြောင့်လို့ ပြစ်တင်ပြောဆိုထားပြီး ဒီအင်ဂျင်တွေကြောင့် လေကြောင်းလိုင်းကလေယာဉ်ထက်၀က်လောက် အမြဲပြုပြင်နေရပြီး ၀င်ငွေကျဆင်းမှုတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။ လေယာဉ်ခရီးစဉ်အတွက် မှာယူထားပြီးသူတွေကို ပြန်အပ်းငွေထုတ်ပေးသွားမယ်လို့ Go First လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။ Go First လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ်မှာ Jet Airways လေကြောင်းလိုင်း ဒေဝါလီခံပြီးနောက် ဒေဝါလီခံဖို့ပထမဆုံးလျှောက်ထားခဲ့တဲ့ အိန္ဒိယအဓိက လေကြောင်းကုမ္ပဏီလည်း ဖြစ်ပါတယ်။ (၂)-လျှပ်စစ်ဓါတ်အား နှစ်ဆကျော်တိုးထုတ်ဖို့ ဗီယက်နမ်ရည်မှန်းနေ ဗီယက်နမ်နိုင်ငံဟာ ၂၀၃၀ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို…

Read More

တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ကနေဒါ စဉ်းစားနေ

တိုရွန်တို၊ မေ-၅-၂-၂၀၂၃ မျိုးဆက်(VOM) ကနေဒါလွှတ်တော်အမတ်တဦးနဲ့ သူ့မိသားစုကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေကြောင်း ကနေဒါက စွပ်စွဲပြီးနောက် တရုတ်သံတမန်တွေကို နိုင်ငံတွင်းကနေနှင်ထုတ်ဖို့ စဉ်းစားနေကြောင်း ကနေဒါတာ၀န်ရှိသူတွေက မေ ၄ ရက်မှာ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီ သတိပေးဖို့ ကနေဒါဆိုင်ရာ တရုတ်သံအမတ်ကြီးကို မေ ၄ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားဖို့ကြိုးပမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ကနေဒါလွှတ်တော်အမတ်နဲ့ မိသားစုအသေးစိတ်အချက်အလက်တွေကို တရုတ်နိုင်ငံက ရှာဖွေနေတယ်လို့ ကနေဒါထောက်လှမ်းရေး အေဂျင်စီက ယုံကြည်နေပါတယ်။ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း အဲဒီလွှတ်တော်အမတ်က စွပ်စွဲခဲ့ဖူးပါတယ်။ ကနေဒါပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုတွေကို သည်းခံမှာ မဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အတွက် သံတမန်တွေကို နှင်ထုတ်ခြင်းအပါအ၀င် အခြားသောရွေးချယ်စရာ အစီအမံတွေကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။…

Read More

မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် ၂၀ ကျော်ရှိခဲ့

မေ ၊ ၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ကနေ အခုလ မေ ၅ ရက်အတွင်း ဓားပြတိုက်လုယက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၂၀ ကျော်ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” ဓားပြတိုက် လုယက်ခံရတာ အများစုဖြစ်တာက သံလမ်းအရှေ့ဘက် လူနေရပ်ကွက်တွေဖြစ်တယ်၊ သလ္လာ ၊ မြဝတီ ၊ ချမ်းမြဝတီ ၊ ပြည်တော်သာ (အက်တော) ၊ ရတနာပုံ ၊ စတဲ့ ရပ်ကွက်တွေမှာ ဖြစ်တယ် ၊ အိမ်တွေထဲကိုဝင်တိုက်တာ ၊ တိုက်တဲ့သူတွေက ကားနဲ့လာပြီး သေနတ်အရှည်တွေရော ၊အတိုတွေပါကိုင်ထားတယ်”လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဓားပြတိုက်ခံထားရတဲ့ ချမ်းမြဝတီရပ်ကွက်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။ မုံရွာမြို့ပေါ် ဓားပြတိုက် လုယက်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့…

Read More

ရှမ်းပြည်နယ်ကမြို့နယ်တွေမှာ ရက်ဆက် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အဦ ၁၀၀ ကျော်ပျက်စီး

မေလ၊၅-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်ဆက် မိုးသည်း ထန်စ္စာရွာသွန်းပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ အဆောက်အဦး ၁၀၀ ကျော်အထိ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မေလ ၁ ရက်နဲ့ ၂ ရက် ၃ ရက်တွေမှာ မိုးသက်လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားပြီး ရှမ်းပြည်နယ်ထဲက ဖယ်ခုံမြို့နယ်၊ သီပေါမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေမှာ လူနေအိမ်နဲ့ စာသင်ကျောင်းအဆောက်အဦ ၁၀၀ ကျော်အထိ ပြိုကျ၊ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ”တော်တော် ပျက်စီးမှုတွေရှိခဲ့တယ် ၊ရိတ်သိမ်းပြီးနေပူလှန်းထားတဲ့ စပါးတွေလည်း ရေစိုးပြီး ပျက်စီးကုန်တာ၊အိမ်တွေကတော့ မနည်းဘဲ၊ အိမ်ခြေတော်တော်များတယ်၊ ပျက်စီးသွားတဲ့ အိမ်တွေကတော့ အမျိုးစုံပါပဲ၊ အသစ်ပြန်ဆောက်ဖို့မပြောနဲ့ ပြန်ပြင်ဖို့တောင်ငွေမရှိဘူး၊ အခုအထိလည်း အကူအညီမရသေးဘူး၊ မိုးမကျမှီပြန်ဆောက်ပြုပြင်ဖို့အကူအညီလိုနေတာ။”လို့ တန့်ယန်းမြို့နယ်က ရပ်မိ၊ ရပ်ဖ ဒေသခံတစ်ဦးကပြောပါတယ်။ သီပေါမြို့နယ်မှာတော့ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်တွေပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့တဲ့…

Read More
VOM News

FREE
VIEW