ပြင်သစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေ၊ လူ သုံးထောင်ကျော် ဖမ်းဆီးခံထားရ

ပါရီ၊ ဇွန်-၃-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ်တဦးသေဆုံးခဲ့မှု ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၃၀၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဇူလိုင် ၁ ရက် ညပိုင်းကနေ ၂ ရက်နေ့ မနက်ပိုင်းအထိ လူပေါင်း ၇၁၉ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက်လူငယ်ဖြစ်ပြီး ရဲတပ်ဖွဲ့က တားဆီးစဉ် ကားရပ်မပေးတဲ့အတွက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆန္ဒပြမှုတွေကြောင့် ရဲတပ်ဖွဲ့၀င် လေးသောင်းငါးထောင်ကို ပြင်သစ်အစိုးရက ဖြန့်ကြက်ချထားပါတယ်။

ပြင်သစ်နိုင်ငံဟာ လူမျိုးရေး ခွဲခြားမှုနဲ့ တရားဥပဒေစိုးမိုးရေးမှည ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ပြသနာတွေကို အလေးအနက် ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောဆိုပါတယ်။

ပြင်သစ်အစိုးရကတော့ ရဲတပ်ဖွဲ့ဟာ စနစ်တကျလူမျိုးရေးခွဲခြားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေဟာ အခြေအမြစ်လုံး၀မရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW