အာဆီယံဥက္ကဌနေရာ မြန်မာစွန့်လွှတ်ပြီးနောက် ဖိလစ်ပိုင်က တာဝန်ယူမယ်ကြေညာ

ဂျကာတာ၊ စက်တင်ဘာ-၅-၂၀၂၃
မျိုးဆက်(VOM)

ဖိလစ်ပိုင်ငံဟာ ၂၀၂၆ ခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဌတာဝန်ထမ်းဆောင်ဖို့လက်ခံလိုက်ကြောင်း စက်တင်ဘာ ၅ ရက်မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကိုထမ်းဆောင်ဖို့ အဆင့်ရှိနေကြောင်း ကြေညာရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ဂျကာတာမှာ စက်တင်ဘာ ၅ ရက်ကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာက ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူရမည်ဖြစ်ပေမယ့် အလှည့်ကျဥက္ကဌတာဝန်ကို စွန့်လွှတ်လိုက်ပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို လက်ခံကျင်းပနိုင်တဲ့ အခြေအနေမရှိသေးပါဘူး။

အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့နိုင်ငံတွေဟာ တနှစ်ကို ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ်ကျင်းပရမှာဖြစ်ပြီး အာဆီယံခေါင်ဆောင်များသီးသန့်ဖြစ်ပြီး နောက်တကြိမ်ကတော့ အာဆီယံမိတ်ဖက်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တရုတ်တို့နဲ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အာရုံစိုက်ရန်လိုအပ်တယ်ဆိုကာ ၂၀၀၆ ခုနှစ်ကလည်း အလှည့်ကျဥက္ကဌရာထူးကို စွန့်လွှတ်ခဲ့ဖူးပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌဟာ လာအိုနိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူမှာဖြစ်ကာ ၂၀၂၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref:Rappler

#voiceofmyanmar #VOM #PhilippinesAccepts #requestToChair #ASEANin2026

Related posts

✕
VOM News

FREE
VIEW