အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့ အပြင်းအထန်တိုက်ခိုက်၊ စစ်ဖြစ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုပြော

ဂျေရုဆလင်၊ အောက်တိုဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အစ္စရေးကလည်း ဂါဇာကမ်းမြှောင်ဒေသကို ဟားမတ်စ်အဖွဲ့ပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။
“ဒါဟာ စစ်ဖြစ်နေပြီ” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ ဟားမတ်စ်အဖွဲ့တွေဟာ အစ္စရေးတောင်ပိုင်းကို စိမ့်ဝင်နေကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ်အဖွဲ့က လက်နက်ကိုင် စစ်သွေးကြွဒါဇင်ပေါင်းများစွာသော ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်ပြီး အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်း ဆီဒီရော့မြို့ရဲ့ လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို ပစ်ခတ်နေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ထွက်ပေါ်လာပါတယ်။
ဟားမတ်စ်တွေဟာ အစ္စရေးကို စစ်ဆင်နွှဲနေတာဖြစ်ပြီး ဒါဟာ မဟာအမှားကြီးတခုကို ကျူးလွန်လိုက်တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက Yoav Gallant ကပြောပါတယ်။
အစ္စရေးတပ်တွေဟာ နေရာတိုင်းမှာ ရန်သူတွေကိုတိုက်ခိုက်နေပြီး အစ္စရေးအောင်ပွဲခံနိုင်လိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက အခိုင်အမာဆိုပါတယ်။
အစ္စရေးလုံခြုံရေးတာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့ဟာ ဟားမတ်စ်တို့ရဲ့ မကြုံစဖူးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှာ အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။
Ref: Reuters/BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW