ပဲခူးမှာ မိုးများပြီး မြစ်ရေတက်လို့ ကယ်ဆယ်ရေးလုပ်နေရပြန်

ရန်ကုန်၊အောက်တိုဘာ ၈ – ၂၀၂၃ GG (VOM) ပဲခူးမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ ပေနီးပါး ( ၉၀ စင်တီမီတာ)မြင့်တက်နေလို့ ရေကြီး နစ်မြုပ်မှုဖြစ်နေတဲ့ရပ်ကွက်နေထိုင်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရတယ်လို့သိရပါတယ်။ ဒီတကြိမ် ပဲခူးမြို့အတွင်း ရေကြီးရေလျှံပြီး ရေနစ်မြုပ်မှုအခြေအနေဟာ အရင်တခါဖြစ်စဥ်တွေထက်ပိုဆိုးတဲ့အခြေအနေရှိကြောင်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်က ၈၈၀ ဖြစ်ပြီးလက်ရှိမှာ.စိုးရိမ်ရေမှတ်ထက်ကျော်ကာ ၉၇၀ စင်တီမီတာ အထိရောက်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ ပဲခူးမြို့က မြေအနိမ့်ပိုင်း တွေဖြစ်တဲ့ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာ ၄ ရွာဖြစ်တဲ့ မြို့သစ် ၊ ဇိုင်းကနိုင်းတောင်နဲ့ ဇိုင်းမြောက်၊ ကျောက်ကြီးစု ၊ရွာသစ်၊ကျွန်းသာယာ ၊ကလျာနီ ၊မဇင်း၊ဥဿာ ၂ နဲ့ဥဿာ၇ ၊ပုဏ္ဍားစု၊ကလိ၊ဘုရားကြီး ၁ ၊ဝါးပြန်ကုန်း နဲ့ကမ်းမြင့် ရွာတွေမှာ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာ အနီးက…

Read More

တီးတိန်မြို့နယ်မှာ မင်္ဂလာဆောင်ကိစ္စသွားတဲ့ ကားတိမ်းမှောက်လို့ လူ ၆ ယောက် သေဆုံး

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ထွယ်မွှေးလ် ( Thal Mual) ကျေးရွာနဲ့ တီးတိန်မြို့ကိုသွားတဲ့ တောင်ပေါ်မြေသား ကားလမ်းမှာ မနေ့ အောက်တိုဘာ ၇ ရက်က တိမ်းမှောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ တီးတိန်ခရစ်ယာန် ဂိုဏ်းပေါင်းစုံ မိတ်သဟာယ အဖွဲ့ဆီက သိရပါတယ်။ ” သတို့သမီးနဲ့ သတို့သားက မလေးရှားနိုင်ငံမှာပါ ၊ ငါတို့ ချင်းထုံးစံအတိုင်း ​သတို့သားဘက်ကနေ သတို့သမီးဘက်ကို တောင်းရမ်းဖို့ သွားပြီး ပြန်လာတဲ့ လမ်းမှာ ကားက လမ်းချော်ပြီး တောင်အောက်ပြုတ်ကျသွားတာဖြစ်တယ် ၊ ကားပေါ်မှာ ပါတဲ့ လူ ၆ ယောက်လုံးသေတယ် ၊ ဒရိုင်ဘာရော ၊ အမျိုးတွေပါအကုန်သေတယ်…

Read More

အာဖဂန်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှု သေဆုံးသူ (၂၀၀၀ )ကျော်ထိ မြင့်တက်လာ

Breaking News— ကဘူးလ်၊ အောက်တိုဘာ-၈-၂၀၂၃ မျိုးဆက်(VOM) အီရန်နယ်စပ်အနီး အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူအရေအတွက် ၂၀၀၀ ကျော်ထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အဲဒီမြေငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှာ နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှ ကီလိုမီတာ ၄၀ အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကြောင့် အဆောက်အဦများစွာပျက်စီးခဲ့ပြီး လူအများအပြားပိတ်မိခဲ့ကာ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ ပါကစ္စတန်နိုင်ငံ ပတ်ခ်တီကာ ပြည်နယ်တွင်လည်း ယမန်နှစ်ဇွန်လအတွင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတထောင်ကျော်သေဆုံးကာ သောင်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ Ref: AP/BBC Telegram Link: https://t.me/VOMNEWS2023/2849?single

Read More

ကလေးမြို့နယ် စက္ကန့်ရွာနားမှာ လူ ၂ ယောက် ပစ်သတ်ခံရပြီး အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ဖျက်စီးခံရ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာနားမှာ မနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လူ ၂ ယောက် အသတ်ခံရတဲ့အပြင် ရွာကိုပါ မီးရှို့တာတွေ ဖြစ်ခဲ့တယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ လူ ၂ ယောက်သတ်ခံရတယ် ၊ သေဆုံးသူတွေက အဖွား Nu Ngaih Hnem အသက် ၆၇ နှစ် ၊ နဲ့ သူ့မြေးဖြစ်သူ Salai Van Bawi Lian အသက် ၁၄ နှစ်ဖြစ်တယ် ၊ သူတို့…

Read More

တင်းမာမှုအမြင့်ဆုံး ရောက်ရှိလာတဲ့ အစ္စရေး-ပါလက်စတိုင်း ပြသနာ (သို့မဟုတ်) စစ်ပွဲတပွဲရဲ့ နိဒါန်း

မျိုးဆက်(VOM) အောက်တိုဘာ-၈-၂၀၂၃ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းအစ္စလာမစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ဟာ မနေ့ကအစောပိုင်းက အစ္စရေးဘက်ကို ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၂၅၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးတောင်ပိုင်းကိုပါ ဟားမတ်စ်လက်နက်ကိုင်တွေ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက် အစ္စရေး စစ်သားတွေနဲ့ အရပ်သားတွေကိုပါ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း အစ္စရေးအာဏာပိုင်တွေက အတည်ပြုပြောဆိုထားပြီး နှစ်ဘက်အခြေအနေက အတင်းမာဆုံး ရောက်ရှိနေပါတယ်။ ဒါဟာ စစ်ဖြစ်နေပြီ” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။ အစ္စရေးကို အခုလိုက်တိုက်ခိုက်တာဟာ ဟားမတ်စ်တွေ မဟာအမှားကြီးတခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး မကြုံစဖူး ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က သတိပေးလိုက်ပြီး ဂါဇာကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမှာ လူ ၂၀၀ ကျော်သေဆုံးခဲ့ကြပါတယ်။ စစ်သွေးကြွတွေဟာ အစ္စရေးတောင်ပိုင်း ဆီဒီရော့မြို့ရဲ့ လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို ပစ်ခတ်နေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့ထွက်ပေါ်လာပါတယ်။ အကြမ်ဖက်အဖွဲ့အဖြစ်…

Read More

ဒီမနက် မိုးရွာသွန်းမှုများလို့ ရန်ကုန် – မန္တလေး အမြန်လမ်း အပါအဝင် တိုင်းနဲ့ ပြည်နယ် ကားလမ်းတွေ ရေကျော်နေ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) ဒီမနက် အစောပိုင်းက ရှမ်းပြည်နယ် ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတွေမှာ မိုးရွာသွန်းမှုများပြားပြီး ကားလမ်းတွေပေါ် ရေကြီးရေလျှံဖြစ်တဲ့အတွက် ကားတွေ သွားလာမရ ပိတ်မိနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊ ကယ်ဆယ်ရှာဖွေရေး ဌာနဆီက သိရပါတယ်။ ” မနေ့ညကလည်း မိုးရွာတယ် ၊ ဒီမနက် ၄ နာရီဝန်းကျင်ကစလို့ မိုးကြီးတယ် ၊ အခုထိ မိုးမတိတ်သေးဘူး ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချိုဘက်တွေမှာလည်း ရေကြီးရေလျှ့တာတွေဖြစ်နေတယ် ၊ ပဲခူးမြို့ပေါ်နဲ့ ရန်ကုန် – မန္တလေး အမြန်လမ်းပိုင်းမှာလည်း ရေကြီးရေလျှံတာတွေရှိတယ် ” လို့ မြန်မာနိုင်ငံ…

Read More

YGEA ကရွှေရည်ညွှန်းစျေး တစ်ကျပ်သားကို ၂၉ သိန်း နီးပါး စျေးမြှင့်ဖွင့်လာ

ရန်ကုန်၊ အောက်တိုဘာ ၇ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရွှေရည်ညွှန်းစျေးကို မနေ့က အောက်တိုဘာလ ၇ ရက်နေ့ကစပြီး တစ်ကျပ်သားကို ၂၈၆၀၀၀၀ ကျော်နဲ့စျေးပြောင်းလိုက်လဲ ဖွင့်လှစ်လိုက်ပါတယ်။ ဗဟိုဘဏ်ရဲ့နေ့စဥ် လေလံရောင်းချတဲ့ ဒေါ်လာစျေး ၂၉၃၂ ကျပ် ပြောင်းလဲတွက်ချက်လိုက်တာကြောင့် အခြေခံရည်ညွန်းစျေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ” အရင်တုန်းက ဗဟိုဘဏ်က ငွေလဲနူန်း ၂၁၀၀ နဲ့တွက်ချက်တယ်၊အခုမနေ့က ကျတော့ ဗဟိုဘဏ်က ထပ်ညွှန်ကြားတဲ့အတိုင်း ဗဟိုဘဏ် လေလံစျေးနဲ့ နေ့စဥ် လေလံစျေးနဲ့ တွက်တယ် လေလံစျေးက ၂၉၃၀ ကအဝယ်၊ ၂၉၃၂ ကအရောင်းပေါ့ အဲ့ဒါ မနေ့ကစပြီး ၂၉၃၂ နဲ့တွက်လိုက်တယ်ပေါ့ရည်ညွှန်းစျေးမြင့်လာတာပေါ့။ဒေါ်လာစျေးကလည်း ကျနော်တို့အသင်းကသာ လေလံစျေးနဲ့တွက်တာပေါ့၊ အပြင်ကုန်သည်တွေက အပြင်ပေါက်စျေးနဲ့တွက်တုန်းရှိသေးတယ် ” လို့…

Read More

အာဖဂန်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြန် ၊ လူ (၁၂၀) သေဆုံးပြီး (၁၀၀၀) ကျော်ဒဏ်ရာရ

ကဘူးလ်၊ အောက်တိုဘာ-၈-၂၀၂၃ မျိုးဆက်(VOM) အီရန်နယ်စပ်အနီး အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က အင်အားပြင်းမြေငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူရာချီသေဆုံးကာ ၁၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အဲဒီမြေငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှာ နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှ ကီလိုမီတာ ၄၀ အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ကြောင့် အဆောက်အဦများစွာပျက်စီးခဲ့ပြီး လူအများအပြားပိတ်မိခဲ့ကာ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ လက်ရှိချိန်ထိ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အို တစ်ထောင်ကျော်ဒဏ်ရာရရှိခဲ့ပြီး လူ ၁၂၀ အသက်ဆုံးရှုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ ပတ်ခ်တီကာ ပြည်နယ်တွင်လည်း ယမန်နှစ်ဇွန်လအတွင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ထောင်ကျော်သေဆုံးကာ…

Read More

တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆန် စပါးနဲ့ ပဲစျေးကွက် အခြေအနေသုံးသပ်ချက်

ရန်ကုန်၊ အောက်တိုဘာ ၈ – ၂၀၂၃ GG(VOM) ခုတပတ်မှာ တော့ ဆန်စျေးက အနည်းငယ်ပြန်ကျလာပြီး စပါးစျေးကွက်ကတော့ ရည်ညွှန်းစျေး သတ်မှတ်ပြီးကတည်းက စျေးပြုတ်ကျနေပါတယ်။ အလားတူ ပြောင်းဆံ စျေးကလည်းဆက်တိုက်ကျဆင်းလာနေပြီး ၊ပဲ နှမ်း စျေးကွက်ကလည် စျေးထပ်ကျလာတာတွေ့ရပါတယ်။ ဆန် ၊ စပါး ဆန်စျေးနူန်းက ဆက်တိုက်မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလနောက်ဆုံးပတ်လောက်ကစပြီး စျေးအနည်းငယ်ပြန်ကျ လာတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။ ရွှေဘိုပေါ်ဆန်း ၂၄ပြည်တအိတ်ကို ကျပ် ၁၀၀၀၀ လောက်ကျသွားပြီး ကျန်တဲ့ ဆန်ကြမ်းက တအိတ်ကို ၁၀၀၀ ကနေ ၅၀၀၀ လောက်ထိပြန်ကျသွားကာ စလင်းဒေသထွက်ဧရာပဒေသာဆန်လည်း ၁၀၀၀၀ လောက်ပြန်ကျသွားပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ကျားပျံရှယ်၊ ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြပေါ် ဆန်း၊ပေါ်ဆန်းနယ်စုံ က အရင်ကစျေးအတိုင်း တအိတ်ကို ၁၀၀၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းကလည်း အရင်စျေး ၁၂၅၀၀၀ ကျပ်ရှိပြီး ပြင်ပစျေးကွက်မှာ ၁၅၀၀၀၀…

Read More

မန္တလေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း လူ ၇ ယောက်ထက်မနည်း ပစ်သတ်ခံရ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်အထိ တပတ်တာအတွင်း လူ ၇ ယောက်ထက်မနည်း ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” လူသတ်မှုဖြစ်တဲ့ မြို့နယ်တွေကတော့ စဥ့်ကူး ၊ ငါန်းဇွန် ၊ မြင်းခြံ၊ မတ္တရာ စတဲ့မြို့နယ်တွေဖြစ်တယ် ၊ တရက်ကို တယောက်နူန်း အနည်းဆုံး အသတ်ခံနေရတာဖြစ်တယ် ” လို့ မန္တလေးဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေ ပတ် သက်လို့ မန္တလေးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ငါန်းဇွန်မြို့နယ် ၊ နတ်ကြီးကျေးရွာအုပ်စု ၊ နတ်ကြီးကျေးရွာမှာနေတဲ့ ဦးစိုးထွေး၊…

Read More
VOM News

FREE
VIEW