အာဖဂန်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှု သေဆုံးသူ (၂၀၀၀ )ကျော်ထိ မြင့်တက်လာ

Breaking News—
ကဘူးလ်၊ အောက်တိုဘာ-၈-၂၀၂၃
မျိုးဆက်(VOM)
အီရန်နယ်စပ်အနီး အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူအရေအတွက် ၂၀၀၀ ကျော်ထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အဲဒီမြေငလျင်ဟာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှာ နိုင်ငံအနောက်ပိုင်း ဟီရတ်မြို့မှ ကီလိုမီတာ ၄၀ အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
ငလျင်ကြောင့် အဆောက်အဦများစွာပျက်စီးခဲ့ပြီး လူအများအပြားပိတ်မိခဲ့ကာ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။
ပါကစ္စတန်နိုင်ငံ ပတ်ခ်တီကာ ပြည်နယ်တွင်လည်း ယမန်နှစ်ဇွန်လအတွင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူတထောင်ကျော်သေဆုံးကာ သောင်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
Ref: AP/BBC

Related posts

Leave a Comment

VOM News

FREE
VIEW