YGEA ကရွှေရည်ညွှန်းစျေး တစ်ကျပ်သားကို ၂၉ သိန်း နီးပါး စျေးမြှင့်ဖွင့်လာ

ရန်ကုန်၊ အောက်တိုဘာ ၇ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရွှေရည်ညွှန်းစျေးကို မနေ့က အောက်တိုဘာလ ၇ ရက်နေ့ကစပြီး တစ်ကျပ်သားကို ၂၈၆၀၀၀၀ ကျော်နဲ့စျေးပြောင်းလိုက်လဲ ဖွင့်လှစ်လိုက်ပါတယ်။
ဗဟိုဘဏ်ရဲ့နေ့စဥ် လေလံရောင်းချတဲ့ ဒေါ်လာစျေး ၂၉၃၂ ကျပ် ပြောင်းလဲတွက်ချက်လိုက်တာကြောင့် အခြေခံရည်ညွန်းစျေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ” အရင်တုန်းက ဗဟိုဘဏ်က ငွေလဲနူန်း ၂၁၀၀ နဲ့တွက်ချက်တယ်၊အခုမနေ့က ကျတော့ ဗဟိုဘဏ်က ထပ်ညွှန်ကြားတဲ့အတိုင်း ဗဟိုဘဏ် လေလံစျေးနဲ့ နေ့စဥ် လေလံစျေးနဲ့ တွက်တယ် လေလံစျေးက ၂၉၃၀ ကအဝယ်၊ ၂၉၃၂ ကအရောင်းပေါ့ အဲ့ဒါ မနေ့ကစပြီး ၂၉၃၂ နဲ့တွက်လိုက်တယ်ပေါ့ရည်ညွှန်းစျေးမြင့်လာတာပေါ့။ဒေါ်လာစျေးကလည်း ကျနော်တို့အသင်းကသာ လေလံစျေးနဲ့တွက်တာပေါ့၊ အပြင်ကုန်သည်တွေက အပြင်ပေါက်စျေးနဲ့တွက်တုန်းရှိသေးတယ် ” လို့ ပြောပါတယ် ။
ခုလို ရွှေရည်ညွှန်းစျေး မြင့်လာတာကြောင့် ပြင်က ရွှေစျေးကွက်ထပ်တက်ဖို့မရှိကြောင်း ၊ လက်ရှိမှာ ကမ္ဘာ့ရွှေစျေးက လည်းကျဆင်းနေတာကြောင့် မကြာခင်မှာ ဒေါ်လာစျေးလည်း ပြန်ကျပြီး ပြင်ပ ရွှေစျေးလည်းကျကာ တူညီတဲ့စျေးတန်းကို ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်ပြော ပါတယ်။
ဒါ့ကြောင့် ရွှေစျေးတက်အောင် အွန်လိုင်းကနေ စျေးကစားနေသူတွေကို သက်ဆိုရာတာဝန်ရှိသူတွေက နေ့စဥ် ဖမ်းဆီးအရေးယူနေတာတွေရှိတယ်လို့ သိရပါတယ် ။
လက်ရှိမှာ ရွှေစျေးကွက်က အဝယ်အေးနေပြီး ပြန်လည်ရောင်းချသူတွေသာ များနေကြောင်း ၊ အရောင်းများတာကြောင့် ငွေပေးချေမှုအပိုင်းမှာ လက်ငင်းပေးချေနိုင်မှုပင် နည်းနေတယ်လို့သိရပါတယ်။
ပြင်ပ ရွှေစျေးကွက်မှာတော့ ၁၆ ပဲရည်အပြည့် အခေါက်ရွှေတစ်ကျပ်သားကို ၃၄ သိန်းဝန်းကျင် ရှိပြီး ၁၅ ပဲရည်တစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင် ရှိနေတယ်လို့ စျေးကွက်အရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW