ဂျေရုဆလင် ၊ အောက်တိုဘာ-ဂ-၂၀၂၃
မျိုးဆက်(VOM)
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၂၅၀ ကျော်သေဆုံးပြီး ၁၅၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ပြီးနောက်မှာ ဂါဇာကနေ ဒါဇင်နဲ့ချီတဲ့ သေနတ်သမားတွေဟာ အစ္စရေးတောင်ပိုင်းဒေသများကို ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။
ဟားမတ်စ်တွေဟာ အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့ကို ဂါဇာကို ခေါ်ဆောင် သွားခဲ့ကြပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ကာတုံ့ပြန်ခဲ့ပြီး ဂါဇာမှာ လူ ၂၃၂ ဦး သေဆုံးကာ ၁၆၀၀ ဒဏ်ရာရခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးဟာ စစ်ဖြစ်နေကြောင်း ၊ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တို့အနေနဲ့ မကြုံစဖူးအခြေအနေနဲ့ ပေးဆပ်ရလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC
Photo:AFP