သုံးရက်အတွင်း နောက်ထပ် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော် တပါး ပျံလွန်တော်မူ

 

အောက်တိုဘာ ၃၁ – ၂၀၂၃

SN (VOM)

 

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျဝတီ (၁) လမ်း၊ ဓမ္မမာမကကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ဝေဠု၀န် သာသနာပိုင် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီး ဘဒန္တပညာဝံသ၊ သက်တော် (၁၀၄) နှစ်၊ဝါတော် (၈၄) ဝါဟာ မနေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ကြီးရဲ့ ကပ္ပိယတ​ယောက်က ပြောပါတယ်။

 

“ဆရာတော်ကြီးရဲ့ ရောဂါက သွေးဝမ်းသွားတာ။ တခြား ထွေထွေထူးထူးတော့ ရောဂါကမရှိဘူး။ ကျောင်းမှာနေရင်းနဲ့ သွေးဝမ်းသွားတော့ ကျွန်တော်တို့က ခိုင်ရတနာဆေးရုံကို တင်လိုက်တာ။ တင်လိုက်တော့ သွေးမယိုအောင် ဆေးနဲ့ထိန်းထားတာပဲရှိတယ်။ ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အသက်ကလည်းကြီးနေတော့လေ ကြည့်ဖို့က အဆင်မပြေတော့ဘူး။ ဒဏ်မခံနိုင်တော့ဘူးလေ၊ အဲ့လိုမျိုးဖြစ်တာ။ မနေ့က နေ့ခင်းလောက်ကတည်းက ကျန်းမာရေးက ဆိုးရွားလာတာ။ ညနေကျတော့ ၅ နာရီနဲ့ ၅၅ မိနစ်မှာ ပျံလွန်တော်မူတယ်” လို့ ဆရာတော်ကြီးရဲ့ ကပ္ပိယတယောက်က ပြောပါတယ်။

 

ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် သာကေတမြို့နယ်ရှိ ခိုင်ရတနာဆေးရုံမှာ အောက်တိုဘာ ၂၉ ရက်နေ့က တက်ရောက် ဆေးကုသမှုခံယူခဲ့တာဖြစ်ပြီး အဲ့ဒီ့ဆေးရုံမှာပဲ ဘ၀နတ်ကျောင်း ပြောင်းရွှေ့စံမြန်းတော်မူသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဓမ္မမာမကကျောင်းကို ပြန်လည်ပင့်ဆောင်ထားပြီး ခုနစ်ရက်ကြာ အပူဇော်ခံထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

 

ခုနစ်ရက်ပြည့်တဲ့အခါမှာတော့ ရက်လည်အလှူ တခါတည်းပြုလုပ်ပြီး လောင်တိုက်နဲ့ မီးသင်္ဂြိုဟ်မှာဖြစ်ကာ မီးသင်္ဂြိုဟ်ဖို့အတွက်ကိုတော့ ကျီစုနဲ့ ရေဝေးသုဿန်၊ မည်သည့်နေရာမှာ ပြုလုပ်ဖြစ်မယ်ဆိုတာကို လက်ရှိမှာ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၂၉ ရက်ကလည်း ပခုက္ကူမြို့ မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး) ရဲ့ ပဥ္စမမြောက် မဟာ ဝိနာယက ဖြစ်တော်မူတဲ့ နိုင်ငံတော် ဩဝါဒါ စရိယအဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ နေမိန္ဒ မထေရ်မြတ် ဒီမနက်က ပျံလွန်တော်မူခဲ့ပါတယ်။

 

#voiceofmyanmar #VOM #နိုင်ငံတော်ဩဝါဒါစရိယ #ဝေဠု၀န်သာသနာပိုင်ပျံတော်မူ

 

Telegram Link: https://t.me/VOMNEWS2023/3270

 

Related posts

Leave a Comment

VOM News

FREE
VIEW