အိန္ဒိယမှာ ဥမင်ပြိုကျပြီး တပတ်နီးပါးကြာပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကို မကယ်တင်နိုင်သေး

 

ဒေလီ၊ နိုဝင်ဘာ-၁၇-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ဆဲ ဥမင်လှိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမား အယောက် ၄၀ ကိုကယ်တင်နိုင်ရေး အပျက်အစီးတွေကို နှစ်ရက်ကြာရှင်းလင်းရဦးမယ်လို့ ကယ်ဆယ်ရေးသမားတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဟိမဝန္တာပြည်နယ် ဥတာရာခန်းပြည်နယ်မှာ တည်ဆောက်နေဆဲ ဥမင်ရဲ့အစိတ်အပိုင်းပြိုကျပြီးနောက် အလုပ်သမားတွေအတွက် လွတ်မြောက်ရေးလမ်းကြောင်းတခုဖန်တီးဖို့ ကယ်ဆယ်ရေးသမားတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက အပျက်အစီးတွေကို ဖယ်ရှားနေကြတာဖြစ်ပါတယ်။

ကယ်ဆ ယ်ရေးလမ်းကြောင်းဖော်ဖို့လုပ်ရင်း ဥမင်ရဲ့အပျက်အစီးတွေ ထပ်မံပြိုကျလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးသွားခဲ့ရပါတယ်။

ဒီလိုပြသနာတွေဖြစ်ပေါ်ပြီးနောက် ဒုတိယမြောက်မြေတူးစက်ကြီးတလုံးကို အိန္ဒိယလေတပ်က ပို့ပေးခဲ့ရပါတယ်။ အင်ဂျင်နီယာတွေဟာ ၉၀ စင်တီမီတာအကျယ်ရှိတဲ့ သံမဏိပိုက်ကို အသုံးပြုပြီး အပျက်အစီးတွေကို ဖယ်ရှားဖို့လုပ်ဆောင်ခဲ့ပေမယ့် မနေ့ကထိ အပျက်အစီးတွေထဲကို ၁၈ မီတာသာ ထိုးဖောက်နိုင်ခဲ့ပါတယ်။

ဒီနှုန်းအတိုင်းသွားမယ်ဆိုရင် အလုပ်သမားတွေကို ကယ်တင်နိုင်ဖို့ နောက်ထပ် နာရီ ၄၀ သို့မဟုတ် ၄၈ နာရီကြာလိမ့်မယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဒိပက်ခ်ပါတိလ်က ဒီနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် အပူတပြင်းဆောင်ရွက်နေချိန်မှာ အိန္ဒိယအာဏာပိုင်တွေဟာ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ ရေမြုပ်နေတဲ့ လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ကလေးငယ်တွေကို ကယ်ဆယ်နိုင်ခဲ့တဲ့ ထိုင်းကုမ္ပဏီတခုနဲ့ နော်ေ၀ ဘူမိနည်းပညာအင်စတီကျုမှ မြေဆီလွှာနဲ့ ကျောက်လွှာဆိုင်ရာ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ရယူခဲ့ပါတယ်။

Ref:CNA

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW