အိန္ဒိယမှာ ဥမင်ပြိုကျပြီး တပတ်နီးပါးကြာပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကို မကယ်တင်နိုင်သေး

  ဒေလီ၊ နိုဝင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ဆဲ ဥမင်လှိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမား အယောက် ၄၀ ကိုကယ်တင်နိုင်ရေး အပျက်အစီးတွေကို နှစ်ရက်ကြာရှင်းလင်းရဦးမယ်လို့ ကယ်ဆယ်ရေးသမားတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ဟိမဝန္တာပြည်နယ် ဥတာရာခန်းပြည်နယ်မှာ တည်ဆောက်နေဆဲ ဥမင်ရဲ့အစိတ်အပိုင်းပြိုကျပြီးနောက် အလုပ်သမားတွေအတွက် လွတ်မြောက်ရေးလမ်းကြောင်းတခုဖန်တီးဖို့ ကယ်ဆယ်ရေးသမားတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက အပျက်အစီးတွေကို ဖယ်ရှားနေကြတာဖြစ်ပါတယ်။ ကယ်ဆ ယ်ရေးလမ်းကြောင်းဖော်ဖို့လုပ်ရင်း ဥမင်ရဲ့အပျက်အစီးတွေ ထပ်မံပြိုကျလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးသွားခဲ့ရပါတယ်။ ဒီလိုပြသနာတွေဖြစ်ပေါ်ပြီးနောက် ဒုတိယမြောက်မြေတူးစက်ကြီးတလုံးကို အိန္ဒိယလေတပ်က ပို့ပေးခဲ့ရပါတယ်။ အင်ဂျင်နီယာတွေဟာ ၉၀ စင်တီမီတာအကျယ်ရှိတဲ့ သံမဏိပိုက်ကို အသုံးပြုပြီး အပျက်အစီးတွေကို ဖယ်ရှားဖို့လုပ်ဆောင်ခဲ့ပေမယ့် မနေ့ကထိ အပျက်အစီးတွေထဲကို ၁၈ မီတာသာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီနှုန်းအတိုင်းသွားမယ်ဆိုရင် အလုပ်သမားတွေကို ကယ်တင်နိုင်ဖို့ နောက်ထပ် နာရီ ၄၀ သို့မဟုတ် ၄၈…

Read More

မန္တလေးမြို့လယ်က “အောင်” ရွှေဆိုင် သိန်းတသောင်းကျော်ဖိုး ဓားပြတိုက်ခံရ

  နိုဝင်ဘာ ၁၇-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် ဟာ ဒီကနေ့မနက် ၁၁နာရီ ဝန်းကျင်ခန့်က ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရတယ်လို့ မန္တလေးမြို့ခံနဲ့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲနဲ့နီးစပ်သူ(၁)ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဓားမြလာတိုက်တဲ့သူတွေက ကားနဲ့လာတယ် ၊ အမျိုးသား (၃)ယောက်လို့ ကနဦးသိရတယ်၊ သေနတ်ဖောက်ပြီး ဆိုင်ထဲက ရွှေကောင်တာတွေ ထုခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ယူသွားတယ်၊အခုတော့ တာဝန်ရှိသူတွေက လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်”လို့ ပြောပါတယ်။ မန္တလေးမြို့ခံ(၁)ဦးကလည်း “ဓားပြမှုဖြစ်တယ်လို့တော့ သိရတယ်၊ ဖြစ်တာကလည်း တကယ့်မြို့လယ်ခေါင်လို့ ပြောလို့ရတယ်၊ ဘာတွေပါသွားလည်းတော့ သေချာမသိရသေးဘူး၊ ဖြစ်စဉ်ဖြစ်ပြီး အဲ့ဒီဘက်လမ်းကြောကို ပိတ်ထားတာတော့ တွေ့ရတယ်”လို့ ပြောပါတယ်။ ဓားပြလာတိုက်သူတွေဟာ အိမ်စီးကားအဖြူရောင်၊ အမျိုးသား(၃)ယောက်…

Read More

ဂါဇာ အယ်လ်ရှီဖာဆေးရုံမှာ အောက်ဆီဂျင်နဲ့ရေပြတ်လပ်၊ အိုင်စီယူရှိ လူနာ ၇၀ ခိုင်နှုန်းသေဆုံး

  ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ အဓိကဆေးရုံကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနှင်းတိုက်ခိုက်နေပြီး ဆေးရုံမှာ အောက်ဆီဂျင်နဲ့ရေပြတ်တောက်နေကာ လူနာတွေဟာ ရေဆာတာကြောင့် အော်ဟစ်နေကြကြောင်း ဆေးရုံအကြီးအကဲက ပြောပါတယ်။ လူနာ ၆၅၀ ကျော်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅၀၀ နဲ့ စစ်ရှောင် ၅၀၀၀ ကျော်ခိုလှုံနေတဲ့ အယ်လ်ရှီဖာဆေးရုံရဲ့အခြေအနေဟာ လွန်စွာဝမ်းနည်းဖွယ်ကောင်းကြောင်း ဆေးရုံညွှန်ကြားရေးမှူးဖြစ်သူ မိုဟာမက် အဘူဆယ်လ်မီယာက ပြောပါတယ်။ အစ္စရေးတင့်ကားတွေဟာ ဆေးရုံကို ဝိုင်းရံထားပြီး မောင်းသူမဲ့လေယာဉ်တွေက ဆေးရုံပေါ်ဝဲပျံနေကာ အစ္စရေးစစ်သားတွေဟာ ဆေးရုံအောက်မှာရှိတဲ့ ဟားမတ်စ်တွေခိုအောင်းရာ မြေအောက်ဥမင်တွေကို ဒုတိယမြောက်နေ့အဖြစ် ရှာဖွေနေပါတယ်။ အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင်(အိုင်စီယူ) မှာရှိနေတဲ့ လူနာ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားကြောင်း ဆရာဝန်တွေပြောကြားမှုကို ကိုးကားပြီး အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ ဆေးရုံတွင်းနဲ့ အပြင်မှာပါ သေဆုံးမှုတွေမြင့်တက်လာတာကြောင့် အလောင်းတွေကို ဆက်တိုက်မြုပ်နှံနေရတယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ…

Read More

ရွှေဈေး နှစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံ မြင့်တက်၊ ဒေါ်လာဈေး ၃၅၀၀ ရောက်ရှိ

  နိုဝင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးဟာ နှစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာဈေး ၃၅၀၀ ကျပ်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ “ရွှေဈေးက မနေ့ကတော့ ၃၇ ကျော်သွားတယ်ပေါ့။ ဒီနေ့လည်း ကျော်မှာပါပဲ။ ဒေါ်လာဈေးတက်လို့ ရွှေဈေးတက်လာလည်းပါသလို ကောလဟာလတွေကြောင့်လည်း ပါတယ်။ အဲ့ဒါအပြင်ကိုမှ နယ်စပ် ကိစ္စတွေဘာတွေကြောင့်လည်း ရွှေဈေးတက်လာတာ” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ ကျပ် သုံးဆယ့်ခုနစ်သိန်းတသောင်း ဝန်းကျင်မှာ ရှိနေတာဖြစ်သလို နိုဝင်ဘာ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းကစလို့ တရိပ်ရိပ် မြင့်တက်လာတဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း ရောင်းဈေး ၃၅၀၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၃၄၆၀ ကျပ် ဝန်းကျင်ကို ရောက်‌ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေက ကျပ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၀၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ကမ္ဘာရော မြန်မာမှာပါ ရွှေစျေးတက်

  ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၇ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

This Day in History

  Voice of Myanamar မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးထားသော အီဂျစ်နိုင်ငံရှိ ဆူးအက်တူးမြောင်းကို ၁၀ နှစ်ကြာ တည်ဆောက်ပြီးနောက် ၁၈၆၉ ခုနှစ် နို၀င်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။  

Read More

ရှီ-ဘိုင်ဒင် ထိပ်သီးဆွေးနွေးပွဲအလွန် အမေရိကန်-တရုတ် ဆက်ဆံရေး

  နိုဝင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်ကိုရောက်ရှိနေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ မနေ့က သီးသန့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေချိန် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်က ရလဒ်ကောင်းတွေထွက်လာဖို့ အများစုက မျှော်လင့်မထားခဲ့ပေမယ့် ဒါဟာအပြုသဘောဆောင်ပြီး အကောင်းမွန်ဆုံးဆွေးနွေးမှုဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း အမေရိကန် သမ္မတက ထုတ်ဖော်ပြောဆိုလာပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အဆင်ချောချောမရှိခဲ့ဖူးကြောင်း တရုတ်သမ္မတရှီကျင်းပင်က အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမယ့် ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံအကြား အပြန်အလှန် ရန်ဆောင် ကျောခိုင်းနေတာက ရွေးချယ်စရာမဟုတ်ဘူးလို့ ဆိုပါတယ်။…

Read More

ဓာတ်ပြားတစ်ပြား ဖွင့်ကာနေတော့မယ်

  ဆူးငှက်       တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့မေးတယ်။ “ဘယ်အချိန်အခါ ရောက်ရင်  မင်းအဖေကို သတိရဆုံးဖြစ်သလဲ”တဲ့။ သူကလည်း ဒီလိုပါ။ ငယ်စဉ်ကတည်းက အိမ်ကို အလည်လာတိုင်း အဖေနဲ့ချည်းတွေ့ နေတာကိုး။ အမေနဲ့က ဆယ်ခါ့ရံတစ်ခါမှ တွေ့ဖြစ်တာ။ အမေက ဈေးထွက်နေရတာလေ။ အဖေနဲ့ အမြဲလိုလို တွေ့ဖြစ်နေတော့ အဖေပြောတာဆိုတာ၊ နေတာ ထိုင်တာ မှတ်မိနေတော့ အဲဒီကတည်းက ကျွန်တော့ကိုလည်း “မင်းက မင်းအဖေနဲ့ တော်တော်တူတာပဲ”လို့ ပြောတတ်တယ်။ဒါကြောင့် အခု ပြန်တွေ့ကြလို့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ပြောကြရင်း ကျွန်တော့အဖေအကြောင်း ရောက်သွားလို့ သူကအခုလို တစ်ခုတ်တရ ပြန်မေးတာပါ။   ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အခု ဒီနှစ်ဆိုရင် အဖေဆုံးတာ ၃၅နှစ် ပြည့်ပေမယ့် အိမ်မက်ထဲမှာထိ အဖေနဲ့ တွေ့ဆဲပါ။ တစ်နေ့ညကပဲ အိပ်မက်မက်တော့…

Read More
VOM News

FREE
VIEW