ေကျာက်ထုနယ် ပန်းဆန်ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ထိမှန်လို့ အရပ်သား သုံးယောက် သေဆုံးပြီး ဘုန်းကြီးတပါး ဒဏ်ရာပြင်းထန်

 

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၃

SP ( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့နယ် ၊ ပန်းဆန်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို မနေ့ နိုဝင်ဘာ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကျောက်ထုနယ်တခုလုံးမှာက ၊ ဘုံကထိန်ခင်းတဲ့ ရက်ဆိုတော့ ရွာတိုင်းမှာလိုလို ဘုန်းကြီးကျောင်းတွေမှာ လူစည်ကားတာတွေရှိတယ် ၊ ညက ၈ နာရီထိုးပြီးတော့ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ ပန်းဆန်ရွာက ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် နှစ်ချက် ကျရောက်ပေါက်ကွဲတယ် ၊ ကျောက်ထုနယ်မှာက စစ်တပ်လည်းရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေလည်း ရှိတယ် ၊ ဘယ်အဖွဲ့က လက်နက်ကြီးဆိုတာတော့ အခုထိ မသိရသေးဘူး ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ပန်းဆန်ဘုန်းကြီးကျောင်းက လက်ထောက် ကျောင်းထိုင်ဆရာတော် တပါး အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေရတယ် ၊ နောက်ပြီး ကျောင်းမှာ ရှိနေတဲ့ အရပ်သားတွေဖြစ်ကြတဲ့ ဦးမောင်လှ (၆၀) နှစ် ၊ ဦးသိန်းဇော် (၄၈) နှစ် နဲ့ ဦးစည်သူကျော်(၃၃)နှစ် သူတို့ သုံးယောက်က နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီအပြင် ဘုန်းကြီးကျောင်း အဆောက်ဦးတချို့ပျက်စီးကာ သာမန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ ပန်းဆန်ရွာ ဘုန်းကြီးကျောင်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဂန့်ဂေါခ ရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီရက်ပိုင်း ထီးလင်းမြို့နယ်နဲ့ ကျောက်ထုကြား ၊ နောက်ပြီး ပေါက်မြို့နယ်နဲ့ ကျောက်ထုကြား စတဲ့နေရာတွေမှာ ထိတွေ့မှုတွေရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ထုမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း လက်နက်ကြီး ပေါက်ကွဲလို့ ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိပြီး ၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သွားရင်းလာရင်း ထိခိုက်သေဆုံးရသူ ၃၀ ကျော်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်ထုမြို့နယ်ဟာ ချင်းပြည်နယ် ၊ မင်းတပ်ခရိုင်နဲ့ ထိစပ်လျက်ရှိပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်ဖွဲ့ဝင်တွေကြားမှာ မကြာခဏ ထိတွေ့ ပစ်ခတ်တာတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW