မြန်မာပြည်တွင်း ပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ် တိုက်တွန်း

 

ပေကျင်း၊ နိုဝင်ဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နားက နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်လိုက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ကြေညာပြီးနောက်မှာ မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ ပြည်တွင်းပဋိပက္ခတွေ ချက်ချင်းရပ်ဖို့ တရုတ်စစ်တပ်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်စစ်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးကို အကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်စစ်တပ်ရဲ့ ပီအယ်လ်အေနေ့စဉ်သတင်းစာက ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ နယပ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံသဘောဆန္ဒနဲ့ အကျိုးစီးပွားဖြစ်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရုတ်နိုင်ငံ အာရုံစိုက်နေပြီး တင်းမာမှုတွေမြင့်တက်လာတာကို ရှောင်ရှားဖို့ သက်ဆိုင်ရာအင်အားစုတွေကို အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ မြန်မာစစ်တပ်တို့ဟာ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ စနေနေ့က စတင်နေပြီးဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တင်းမာမှုတွေလျှော့ချဖို့ သတင်းစကားပါးလိုတာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ဒီလေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ပုံမှန်လေ့ကျင့်မှုသာဖြစ်တယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: South China Morning Post

Ref:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW