ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရှိ နီဗားဒါးတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတယောက်ဟာလည်း ဆေးရုံမှာစိုးရိမ်ဖွယ်အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ အမည်မသိရသေးတဲ့ သေနတ်သမားလည်း အခင်းဖြစ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအကြောင်းပြချက်ကြောင့် အနီးနားရှိ ဟယ်ရီရိတ်ဒ်နိုင်ငံတကာ လေဆိပ်ကို အာဏာပိုင်များက ယာယီပိတ်ထားသည်။ လပ်စ်ဗီးဂတ်စ်ရှိ နီးဗားဒါးတက္ကသိုလ်အပြင် ပြည်နယ်အတွင်းရှိ နီဗားဒါးပညာရေးအဖွဲ့ရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကိုလည်း ယာယီပိတ်ထားပါတယ်။
သေနတ်ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတဲ့ ဒဏ်ရာရသူအများအပြားရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သေတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်မှာ မကြာသေးမီနှစ်တွေအတွင်း အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုတွေ တိုးပွားနေပြီး သေနတ်ထိန်းချုပ်မှုဥပဒေအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
Ref:BBC
Photo:Getty Images