ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ကမ်းလွန်မှာ အမှုထမ်းရှစ်ဦးသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အမေရိကန်စစ်တပ်ဟာ ပျက်ကျခဲ့တဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစား လေယာဉ်တွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ရေတပ်နဲ့လေတပ်မှာ ဘေးကင်းရေးအတွက် အဲဒီလေယာဉ်အမျိုးအစားတွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်တာလို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး အချိန်ကာလကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်တွေကို အသုံးပြုနေတဲ့ တခုတည်းသောနိုင်ငံဖြစ်ပြီး ပျက်ကျမှုြ့ဖစ်ပွားပြီးနောက် သူ့ရဲ့ လေယာဉ် ၁၄ စင်းကိုလည်း ရပ်နားထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်ဟာ ယာမာဂူချီစီရင်စုကနေ အိုကီနာဝါရှိ ကာဒီနာအခြေစိုက်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါသွားသူရှစ်ယောက်အနက် ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေကိုသာ တွေ့ရှိထားပါတယ်။ လေယာဉ်ဟာ ဂျပန်ကမ်းလွန်မှာ ပျက်မကျမီ မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မျက်မြင်သက်သေတွေကို ကိုးကားပြီး ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။…
Read MoreDay: December 7, 2023
တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ အီတလီနှုတ်ထွက်ပြီ
ရောမ၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ အထင်ကရစီမံကိန်းဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ နှုတ်ထွက်တော့မယ်လို့ အီတလီအစိုးရ အတည်ပြုပြောဆိုလိုပါတယ်။ ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီရဲ့ အီတလီအစိုးရဟာ ယခုနှစ်ကုန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းတွင် ပါဝင်မှုကို ရပ်ဆိုင်းတော့မှာကို တရုတ်အစိုးရထံအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အီတလီဟာ တရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကြီးမားတဲ့ ကုန်သွယ်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေထဲက တခုဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်ဖို့ ၂၀၁၉ ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ ဒီလိုပါဝင်ဖို့ သဘောတူလက်မှတ်ရေးထိုးတာကိုအမေရိကန်နဲ့ အခြားသောအနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အာရှနဲ့ ဥရောပတလွှားမှာ ခန့်မှန်းခြေဒေါ်လာ ၁ ထရီလီယံရင်းနှီးမြုပ်နှံဖို့ တရုတ်သမ္မတရှီကျင်းပင်က ရည်မှန်းထားပါတယ်။ စီမံကိန်းမှာတော့ အသစ်အဆင့်မြှင့်တင်ထားတဲ့ ရထားလမ်း၊ ဆိပ်ကမ်းတွေအပါအဝင် တရုတ်နိုင်ငံကိုဥရောပ၊ အာရှရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ကူးလူးနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်အစိုးရကတော့ ပိုးလမ်းမသစ်စီမံကိန်းဟာ…
Read Moreကလေး – တမူး ကားလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ထိခိုက်ကျဆုံးသူတွေရှိလို ဒေသခံတွေ ရှောင်တိမ်းနေရ
ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၊ ကလေး – တမူး ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် ကစပြီး တိုက်ပွဲတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ များပြားလာတာကြောင့် ဒေသခံ အရပ်သား နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ကစလို့ ခါမ်းပါတ်မြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်ဖွဲ့တွေ တိုက်ခိုက်နေတယ် ၊ အဲ့ဒါကြောင့် ၊ ကနန် ၊ ကမ္မကြီး ၊ တိန်းခရား ၊ ထင်းစင် ၊ ဝိတုတ် ၊ နောက်ပြီး တမူးနားက ထန်းတပင် ၊ မန်မော် ၊…
Read Moreဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ တံဆိပ်ရရှိသူများ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၇ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၁၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၆.၆၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၈ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၅ ကျပ် ဝယ်ဈေး – ၄၇၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအမေရိကန် လပ်စ်ဗီးဂတ်စ်ရှိ နီဗားဒါးတက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူသုံးယောက်သေဆုံး
ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရှိ နီဗားဒါးတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတယောက်ဟာလည်း ဆေးရုံမှာစိုးရိမ်ဖွယ်အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ အမည်မသိရသေးတဲ့ သေနတ်သမားလည်း အခင်းဖြစ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအကြောင်းပြချက်ကြောင့် အနီးနားရှိ ဟယ်ရီရိတ်ဒ်နိုင်ငံတကာ လေဆိပ်ကို အာဏာပိုင်များက ယာယီပိတ်ထားသည်။ လပ်စ်ဗီးဂတ်စ်ရှိ နီးဗားဒါးတက္ကသိုလ်အပြင် ပြည်နယ်အတွင်းရှိ နီဗားဒါးပညာရေးအဖွဲ့ရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေကိုလည်း ယာယီပိတ်ထားပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတဲ့ ဒဏ်ရာရသူအများအပြားရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်မှာ မကြာသေးမီနှစ်တွေအတွင်း…
Read MoreThis Day in History
Voice of Myanmar ဂျပန်ဗုံးကြဲလေယာဉ်များသည် ဟာဝိုင်ယီ ပုလဲဆိပ်ကမ်း အမေရိကန်ရေတပ်စခန်းရှိ စစ်သင်္ဘောများ၊ လေယာဉ်များနှင့် စစ်စခန်းများကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဗုံးကြဲလေယာဉ် အစင်း ၃၅၀ ဖြင့် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်မှုထမ်း ၂၃၀၀ ကျော်သေဆုံးခဲ့ပြီးနောက် အမေရိကန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်လာခဲ့သည်။
Read Moreအရင်က ပို့ကုန်ရငွေ တဝက်ကို ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေနဲ့ လဲလှယ်ခဲ့ရပေမယ့် ခုတော့၃၅ရာခိုင်နှုန်းပဲ လဲလှယ်ရတော့မှာဖြစ်ကြောင်း အမိန့်စာထွက်ရှိ
နိုင်ငံခြားငွေ အရောင်းအဝယ်ကိစ္စ ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်အဆင်ပြေ သွင်းကုန်ခက်
ဒီဇင်ဘာ ၆ – ၂၀၂၃ SN (VOM) နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ပို့ကုန်လုပ်ငန်းတွေအတွက် အဆင်ပြေပြီး သွင်းကုန်လုပ်ငန်းတွေအတွက် ခက်ခဲနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ နိုင်ငံခြားငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) မှာ အရောင်းအဝယ်ပြုလုပ်ရာမှာ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေက တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို့ အဲ့ဒီ့ဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့…
Read More