တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ အီတလီနှုတ်ထွက်ပြီ

 

ရောမ၊ ဒီဇင်ဘာ-၇-၂၀၂၃

မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ အထင်ကရစီမံကိန်းဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းကနေ နှုတ်ထွက်တော့မယ်လို့ အီတလီအစိုးရ အတည်ပြုပြောဆိုလိုပါတယ်။

ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီရဲ့ အီတလီအစိုးရဟာ ယခုနှစ်ကုန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းတွင် ပါဝင်မှုကို ရပ်ဆိုင်းတော့မှာကို တရုတ်အစိုးရထံအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အီတလီဟာ တရုတ်နိုင်ငံရဲ့ရည်မှန်းချက်ကြီးမားတဲ့ ကုန်သွယ်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေထဲက တခုဖြစ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်ဖို့ ၂၀၁၉ ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံဖြစ်ပါတယ်။

ဒီလိုပါဝင်ဖို့ သဘောတူလက်မှတ်ရေးထိုးတာကိုအမေရိကန်နဲ့ အခြားသောအနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အာရှနဲ့ ဥရောပတလွှားမှာ ခန့်မှန်းခြေဒေါ်လာ ၁ ထရီလီယံရင်းနှီးမြုပ်နှံဖို့ တရုတ်သမ္မတရှီကျင်းပင်က ရည်မှန်းထားပါတယ်။

စီမံကိန်းမှာတော့ အသစ်အဆင့်မြှင့်တင်ထားတဲ့ ရထားလမ်း၊ ဆိပ်ကမ်းတွေအပါအဝင် တရုတ်နိုင်ငံကိုဥရောပ၊ အာရှရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ကူးလူးနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်အစိုးရကတော့ ပိုးလမ်းမသစ်စီမံကိန်းဟာ ကြွေးမြီထောင်ချောက်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

Related posts

VOM News

FREE
VIEW