အီရန်ဘက်ကို ပါကစ္စတန်က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပစ်ခတ်၊ နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာ

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၈-၂၀၂၄
မျိုးဆက်(VOM)

အီရန်က ပါကစ္စတန်ပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၁၈ ရက်မှာတော့ ပါကစ္စတန်ဟာ အီရန်ဘက်ကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ပါကစ္စတန်က အတည်ပြုပြောဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ နယ်စပ်ဒေသရှိ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်က ဆိုထားပြီး နျူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။

ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးယောက်နဲ့ ကလေးငယ်လေးယောက်သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နယ်စပ်ဒေသတွေကို နှစ်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုဟာ စစ်သွေးကြွအုပ်စုတွေကို လက်ခံထားလို့ဖြစ်တာလို့ နှစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ဇန်နဝါရီ ၁၇ ရက်ညပိုင်းက ပါကစ္စတန်နယ်စပ်အနီး ဆာရာဗန်မြို့တဝိုက်မှာ ပေါက်ကွဲသံတွေများစွာ ကြားရကြောင်း အီရန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပြီး ထောက်လှမ်းရေးအခြေပြုစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ဟာ ပါကစ္စတန်ဘက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီးနောက် အခုလို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW