ဟူသီတွေကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး အမေရိကန်က စတုတ္ထအကြိမ် တိုက်ခိုက်

 

ဝါရှင်တန်၊ ဇန်နဝါရီ-၁၈-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်ဟာ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့ကို စတုတ္ထအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပြောဆိုပါတယ်။

ပင်လယ်နီအတွင်း သွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ဟူသီတို့ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၄ စင်းကိုလည်း အမေရိကန်စစ်တပ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အမေရိကန်ရေတပ်သင်္ဘောတွေကနေ ပစ်လွှတ်လိုက်တဲ့ တွမ်မဟော့ခ်ဒုံးကျည်တွေဟာ ဟူသီတို့ရဲ့ ပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ဟူသီသူပုန်အဖွဲ့ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့စာရင်းမှာ အမေရိကန်က ပြန်လည်ထည့်သွင်းလိုက်ပြီး ဒေသတွင်းစီးပွားဖြစ်သင်္ဘောတွေကို တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ဟူသီတို့ဟာ ဂါဇာရှိ ဟားမတ်စ်တို့ကို ထောက်ခံပြီး အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်နီရှိ ကုန်တင်သင်္ဘောတွေကို နိုဝင်ဘာလကတည်းက စတင်တိုက်ခိုက်ခဲ့ပါတယ်။

Ref:BBC

Photo:US Navy

Related posts

Leave a Comment

VOM News

FREE
VIEW