မြန်မာကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ထိုင်းနိုင်ငံပေးအပ်မှု အမေရိကန် ထောက်ခံ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄
မျိုးဆက် (VOM)

မြန်မာဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံကူညီပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်မှုဟာ ဒေသတွင်းအတွက် အရေးပါတဲ့ မဟာဗျူဟာဆိုတာ အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ လုံခြုံရေး၊ စီးပွားရေးနဲ့ ထိုင်းနဲ့နိုင်ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ရောက်ရှိနေပြီး ဘလင်ကင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“ ဒီတွေ့ဆုံမှုက အရမ်းအောင်မြင်ပါတယ်။ အမေရိကန်ဟာ ဒေသတွင်းမှာ အာဆီယံနဲ့ ထိုင်းနိုင်ငံရဲ့ အရေးပါပုံကို သိရှိနားလည်ထားတယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။

“ ကျွန်တော်တို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ မစ္စတာဘလင်ကင်ဟာ မြန်မာအတွက် ကူညီမှုတွေပေးဖို့ စိတ်ကူးကို ထောက်ခံပြီး ကျွန်တော်တို့ကို ကူညီဖို့ အမေရိကန်က အမြဲအသင့်ရှိတယ်လို့ ပြောပါတယ်။ နောက်ထပ် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမိုပူးပေါင်းမှုတွေ ရရှိလာမယ်” လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်လွှတ်တော် အရှေ့အာရှဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ Chris Van Hollen နဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်-ထိုင်းဆက်ဆံရေးနဲ့ မြန်မာ့အရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Ref:Bangkok Post
Photo: MOFA

Related posts

Leave a Comment

VOM News

FREE
VIEW