ဧပြီ ၁၈၊ ၂၀၂၄
Shy V
မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဆူပူမှု ဖြစ်ပြီး ၄ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အကျဉ်းသားတွေ သပိတ်မှောက် ဆန္ဒပြကြတယ် ကြားတယ်။ အဲဒါကြောင့် ထောင်စောင့်လက်နက်ကိုင်တွေကပစ်ခတ်နှိမ့်နင်းလို့ ထိခိုက် ဒဏ်ရာရတာ ၁၂ ယောက်၊ သေဆုံးတာ ၄ ယောက်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တေယာက်က ပြောပါတယ်။
အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်တာက လွတ်ငြိမ်းချမ်းသာခွင့် နာမည် စာရင်းပါပြီး မလွတ်မြောက်တဲ့ သူတွေ နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်လာတယ်လို့ ကြားပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။
“သံဇကာတွေ တီးခေါက်ပြီးတော့ စတင်အော်လာတာ။ အဲဒါကြောင့် သေနတ်နဲ့ပစ်တာ။ သေတာတော့ ၄ ယောက်၊ ဒဏ်ရာရတာက ၁၁ ယောက်လို့ ကြားတယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။” လို့ နောက်ထပ် ဒေသခံတေယာက်က ပြောပါတယ်။
ဆူပူမှုက ညနေ ၄ နာရီ ကနေ စဖြစ်တာ ဖြစ်ပြီး ည ၈ နာရီ ထိ မငြိမ်သေးပဲ ဆူပူမှု ဖြစ်နေချိန် အတွင်း ထောင်ဝန်းကျင်မှာ လူနာတင်ကားတွေ အသွားအလာ များတယ်လို့ သူက ပြောပါတယ်။
VOM အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မေးထား ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးလို့ အတည်ပြုချက်မရသေးပါဘူး။
Related posts
-
မြန်မာ – အိန္ဒိယနယ်စပ်က ဖျားနာနေတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးမှုတွေ ရှိလာ
စက်တင်ဘာ ၇ – ၂၀၂၄SS (VOM)မြန်မာ – အိန္ဒိယနယ်စပ်၊ ဥခရုလ်ခရိုင်က ဖျားနာနေတဲ့... -
အမှိုက် မိုးပျံပူပေါင်း ရာပေါင်းများစွာ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက် လွှတ်တင်ပြန်
ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ အမှိုက်တွေပါတဲ့ မိုးပျံပူပေါင်း ရာပေါင်းများစွာကို တောင်ကိုရီးယားဘက်ကို ထပ်မံလွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။မနေ့ကနှောင်းပိုင်းမှာ... -
ထားဝယ်က မျောက်ကျောက် သံသယလူနာ ရောဂါကူးစက်မှု မတွေ့ရ
စက်တင်ဘာ ၇ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာတွေ့ရှိတဲ့ မျောက်ကျောက်...