ပြည် ဧပြီ ၃=၂၀၁၉
ဂျန်ကိုးလ် ( VOM)
ပဲခူးတိုင်းပြည်မြို့မှာ ဧပြီလ၂ရက်ညနေက အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွှေဆံတော်စေတီမြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ရုပ်ပွားတော်၆ဆူစောင်းတန်းပြိုကျခဲ့ပါတယ်။
အခြားအဆောက်အဦတချို့အနည်းငယ်ထိခိုက်ခဲ့သော်လည်းရွှေဆံတော်စေတီမြတ်ကြီးကတော့အထိအခိုက်မရှိခဲ့ဘူးလို့ဂေါပကအဖွဲ့ကပြောပါတယ် ။
“အဓိကတွေ့ရှိတာကတော့ အင်္ဂါထောင့်ဘက်မှာ ဆင်းတုတော် ခြောက်ဆူရှိတဲ့တန်ဆောင်းပေါ့ အဲတာအမိုးပြိုကျသွားပါတယ် ဒီပြင်ဟာကတော့ ပြောပလောက်တဲ့အထိ မရှိပါဘူး ပဌာန်းယာယီမဏ္ဍပ်ကတော့အမိုးလန်သွားတယ်ပေါ့ သစ်ကိုင်းကျိုးသွားတာ အနည်းအပါးလောက်ပါပဲ စေတီတော်ကြီးကတော့ ဘာမှထိခိုက်ပျက်ဆီးမှုမရှိပါဘူး” ရွှေဆံတော်စေတီ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးကပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ထွေအုပ် ရဲတပ်ဖွဲ့ တိုင်းအစိုးရတို့ကိုအချိန်နဲ့တပြေးညီအကြောင်းကြားတင်ပြပြီး ဂေါပကအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ပြီးအမြန်ဆုံးပြန်လည်ပြုပြင်ဘို့ ပညာရှင်ကိုခေါ်ဆောင်ထားပြီဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
ပြည်မြို့ပေါ်မှာ လေပြင်းတိုက်ခတ်မိုးရွာမှုကြောင့် အဆောက်အဦတချို့အမိုးလန်ပျက်ဆီးခြင်းနဲ့ သစ်ပင်များပြိုလဲတာတွေ လျှပ်စစ်မီးများပြတ်တောက်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ် ။
#voiceofmyanmar #ပြည် #ရွှေဆံတော် #လေပြင်းကျ #စောင်းတန်းပြို