ဥ့်ကူ-ရွှေဘိုကားလမ်း ပိတ်သွားလို့ ဒေသခံတွေ စစ်ရှောင်မရဖြစ်နေ

ဇူလိုင် ၆ – ၂၀၂၄
GG (VOM)

မန္တလေး ၊စဥ့်ကူးမြို့နယ်ထဲက ရွှေပြည်ရွာ ရဲကင်းစခန်းအပါအဝင် ကျေးရွာတွေမှာ ဒီနေ့ဇူလိုင်လ ၆ ရက်နေ့အထိတိုက်ပွဲဖြစ်ပွားနေပြီး လမ်းတွေပိတ်လိုက်တာကြောင့် စစ်ရှောင်တွေ စဥ့်ကူးနယ်ထဲကနေထွက်မရဘဲ ပိတ်မိနေတယ်လို့သိရပါတယ်။

ရွှေပြည်ရွာရဲကင်းစခန်းကို ဒေသတွင် PDF အဖွဲ့တွေကတိုက်ခိုက်နေပြီး နစကတပ်တွေနဲ့ အပြန်အလှန်တို်ကပွဲတွေဟာ လက်ပန်လှ၊ပင်လယ်ကြီး ဘက်မှာပါပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေက ဘေးလွတ်ရာ ရွှေဘိုနယ်ဘက်ကို စစ်ရှောင်လိုပေမယ့် ထွက်ခွင့်ပိတ်ထားတာကြောင့် နီးစပ်ရာတွေကိုပဲ ထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်တယ်လို့သိရပါတယ်။

” ကျွန်တော်တို့ကိုယ်တိုင်ပြေးနေရတာပဲ။အရင်ရက်ကရွှေဘိုဘက်ကို စစ်ရှောင်လို့ရတယ်၊အခု ရွှေဘိုဘက်လည်းရှောင်လို့ မရတော့ဘူး။ ပိတ်လိုက်တယ်။မန္တလေးဘက်ကျတော့လည်း အလှမ်းဝေးတယ် ၊ရွှေကျင်ဂိတ်ကပေးမဖြတ်ဘူးသိရတယ် ” လို့ လက်ပန်လှရွာဒေသခံတယောက်ကပြောပါတယ်။

လက်ရှိမှာ ရွှေဘိုဘက်ကို စစ်ရှောင်ခွင့်မရတာကြောင့် လက်ပန်လှ၊ရွှေပြည်ရွာ၊ပင်လယ်ကြီး၊ကျည်တောက်ပေါက်၊နွယ်ရုံက ဒေသခံတွေဟာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေရသလို ဗုံးခိုကျင်း ၊ နီးစပ်ရာအိမ်တွေနဲ့ တောထဲမှာပဲ စစ်ရှောင်ပြီး လမ်းဖွင့်ပေးမယ့်အချိန်ကိုစောင့်နေကြတယ်လို့သိရပါတယ်။

” စဥ့်ကူး ရွှေဘိုကားလမ်းသွားမရပါဘူး၊ပိတ်ထားတယ်၊ ရွှေပြည်ဘက်လည်းတိုက်ပွဲဖြစ်နေတာ ရွာထဲကတောင်ထွက်မရပါဘူး၊ကလေးတွေပိတ်မိနေကြတယ်၊ရွှေပြည်ဘုန်းကြီးကျောင်းမှာစစ်ရှောင်နေကြတယ် ” လို့ စဥ့်ကူးဒေသခံတယောက်ကပြောပါတယ်။

လက်ရှိမှာ ရွှေပြည်ရွာ အပါကျေးရွာချင်းဆက်တံတားတွေလည်း ဖျက်ဆီးခံရမှုတွေရှိနေတယ်လို့သိရပါတယ်။ စဥ့်ကူးမြို့နယ် တိုက်ပွဲအတွင်းမှာ ဒေသခံလေးယောက်သေဆုံးမှုရှိထားပြီး ထိခိုက်ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှုတွေလည်းရှိတယ်လို့သိရပါတယ်။

စဥ့်ကူးမြို့နယ်ထဲမှာတော့ ဇွန်လ၃၀ ရက်နေ့ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာ ဒီနေ့အထိဖြစ်ပြီး တိုက်ပွဲအတွင်းမှာ PDF တွေက နွယ်ရုံရဲကင်းစခန်းကို သိမ်းပိုက်ထားတယ်လို့သတင်းတွေအရသိရပါတယ်။

#Voiceofmyanmar #vom #စဥ့်ကူး #ရွှေပြည် #လက်ပန်လှ #ပင်လယ်ကြီး #နွယ်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW