မော်လိုက်မှာမြို့ပေါ်နဲ့ ဝန်းကျင် ရွာဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်​လို့ အကူအညီလိုအပ်​ေန​

ဇူလိုင် ၆ – ၂၀၂၄
GG (VOM)

စစ်ကိုင်းတိုင်း၊မော်လိုက်မြို့မှာ ချင်းတွင်းမြစ်ရေဆက်တိုက်တိုးနေပြီး ဒီနေ့ဇူလိုင်လ ၆ ရက်နေ့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲခန့် ( ၇၄ စင်တီမီတာ) ကျော်လွန်နေပြီဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိမော်လိုက်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေအပြင် ချင်းတွင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း၁၀ ရွာထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်ကူညီရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

” မြို့ပေါ်မှာဆို အောင်မင်္ဂလာရပ်ကွတေနဲ့အောင်ချမ်းသာရပ်ကွက်တွေ ရေကျော်နေပြီ။မြစ်ရေကလည်းထပ်တက်ဦးမယ်လို့မိုးဇလကထုတ်တာတွေ့တယ်။ရွာတွေဘက်မှာတော့ ရွာတော်တော်များများရေနစ်မြုပ်နေပြီ၊ရွာဘက်တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ လိုအပ်နေတယ်။ တပ်ကုန်း၊ ရေခါတွန်၊ ဝဲကသာ ဘက်ကအခြေအနေပိုဆိုးနေတာ သိရတယ်၊ ရေဝင်တော့ ချက်ပြုတ်စားမရအလုပ်ကမလုပ်ရတဲ့ စားစရာအခက်အခဲဖြစ်နေတာပိုများတယ်
” လို့ မော်လိုက်ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မော်လိုက်မြို့နယ်ထဲက ဝဲကသာ၊
ရေခါတွန်၊ တပ်ကုန်း၊သဝန်၊ ဆွတ်နန်း၊ ယူးဝ၊ ရွှေလင်းတ၊ လက်ပန် အပါအဝင် ရွာပေါင်း ၁၀ရွာခက်မနည်း ရေကြီးနစ်မြုပ်နေတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။

လတ်တလော မြို့ပေါ်မှာတော​့
ရေဘေးသင့်ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းကို တံတားဦးရပ်၊ ဓမ္မာရာမကျောင်းတိုက်မှာ ဖွင့်ထား ကူညီမှုတွေလုပ်ပေးနေပေမယ့်ရွာဘက်တွေမှာ ကူညီမှုတွေလိုအပ်​နေတာဖြစ်တယ်လို့သိရပါတယ်။

ချင်းတွင်းမြစ်ရေက ကျဆင်းဖို့မရှိသေးဘဲ နောက်တရက်အတွင်းမှာပင် စိုးရိမ်ရေအမှတ်ထက်ကျော်ပြီး ၂ ပေခွဲထပ်မံမြင့်တက်လာနိုင်တာကြောင့် မြေနိပ်ရပ်ကွက်နဲ့ကျေးရွာတွေ၊ မြစ်ကမ်းနီးနေထိုင်သူတွေ သတိပြုနေထိူင်ကြဖို့၊ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်။

#Voiceofmyanmar #vom #မော်လိုက် #ရေကြီးနစ်မြုပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW