အာသံပြည်နယ်ရေဘေး ရှားပါးကြံ့နဲ့ သမင်တွေအပါအဝင် တောရိုင်းတိရိစာ္ဆန် ၁၃၀ ကျော်သေဆုံး

 

ဒေလီ၊ ဇူလိုင်-၉-၂၀၂၄
မျိုးဆက်(VOM)

အိနိ္ဒယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တခုမှာ ရေကြီးရေလျှံမှုကြောင့် ရှားပါးကြံ့ခြောက်အပါဝင် တောရိုင်းတိရိစာ္ဆန် ၁၃၀ ကျော်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာသံပြည်နယ်ရှိ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်ဟာ မကြာသေးမီနှစ်များအတွင်း အဆိုးရွားဆုံး ရေဘေးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရေနစ်သေဆုံးသွားတဲ့ တိရိစာ္ဆန်တွေမှာ သမင်၊ ဝက်ဝံတွေနဲ့ ဖျံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ဥယျာဉ်အတွင်း ရေကြီးရေလျှံမှုနဲ့ ကုန်းမြင့်နေရာသို့ တိရိစာ္ဆန်တွေကို ရွှေ့ပြောင်းစဉ် ယာဉ်တိမ်းမှောက်မှုကြောင့် တိရိစာ္ဆန် ၃၅၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။ လက်ရှိရေဘေးမှာတော့ွှ တိရိစာ္ဆန် ၉၇ ကောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီအမျိုးသားဥယျဉ်ဟာ ယခုရာစုနှစ်အကူးအပြောင်းက မျိုးသုန်းလုနီးပါးဖြစ်ခဲ့တဲ့ ဦးချိုတချောင်းကြံ့တွေအများဆုံးနေထိုင်ရာ နေရာတခုဖြစ်ပါတယ်။လက်ရှိမှာ ဦးချိုတစ်ချောင်းကြံ့ ၂၄၀၀ ကျော်နေထိုင်ကြက်စားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုလည်းဖြစ်ပါတယ်။

ဥယျာဉ်ဟာ ကျားထိန်းသိမ်းရေးနယ်မြေတခုလည်းဖြစ်ပြီး ဆင်တွေ၊ ရေမြင်းတွေ၊ ငှက်မျိုးစိတ်တွေနဲ့ အခြားတိရိစာ္ဆန်များစွာ နေထိုင်ကြပြီး မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တောင်အာရှလင်းပိုင်တွေကိုလည်း ဥယျာဉ်အတွင်း မြစ်တွေထဲမှာ တွေ့ရပါတယ်။

Ref:BBC
Photo:PTI/Getty Images

#Voiceofmyanmar #VOM #အိန္ဒိယ #အာသံပြည်နယ် #ရေဘေး #တိရိစာ္ဆန်#သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW