ယူကရိန်းကို ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှု ၃၆ ယောက်သေပြီး ၁၄၀ ကျော်ဒဏ်ရာရ

 

ကိဗ်ယက်၊ ဇူလိုင်-၉-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ တဝန်းကို ရုရှားကဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရှိ ကလေးဆေးရုံတရုံလည်း ပျက်စီးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်း အကြီးဆုံးကလေးအထူးကုဆေးရုံဖြစ်တဲ့ Ohmatdyt ဆေးရုံဟာ ဒုံးကျည်ထိမှန်မှုကြောင့် လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဆေးရုံမှသေဆုံးသွားတဲ့နှစ်ယောက်ကတော့ လူကြီးတွေဖြစ်ပြီး တယောက်က ဆရာဝန်ဖြစ်ပါတယ်။

ဆေးရုံအပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း စုစုပေါင်းသေဆုံးသူ ၃၆ ယောက်ရှိပြီး ၁၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို ရုရှားကငြင်းဆိုခဲ့ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေထိမှန်တာလို့ ဆိုပါတယ်။ ယူကရိန်းကတော့ တိုက်ခို်ကမှုအတွင်း ရုရှားခရုဇ်ဒုံးကျည် အစိတ်အပိုင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ရုရှားဟာ မကြာသေးမီကာလတွေအတွင်း ယူကရိန်းနယ်စပ်ဒေသများမှာ ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီး ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုလည်း မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ ယူကရိန်းသမ္မတကတော့ နောက်ထပ်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ မဟာမိတ်တွေဆီက တောင်းခံထားပါတယ်။

ဒီလိုအခြေအနေမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေထောက်ပံ့မှုကို နောက်ထပ်တနှစ်ပေးဖို့ ဝါရှင်တန်မှာပြုလုပ်မယ့် နေတိုးအစည်းအဝေးမှာ သဘောတူဖွယ်ရှိနေပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #လေကြောင်းတိုက်ခိုက်မှု #၃၆ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW