လားရှိုး – မန္တလေး လမ်း အချို့နေရာတွေမှာ ယာယီ ပိတ်ထား

ဇူလိုင် ၉၊ ၂၀‌၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း လမ်းကြောင်းဖြစ်တဲ့ လားရှိုး – မန္တလေး လမ်း အချို့နေရာတွေကို ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ယာယီ ပိတ်ထားကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။

လားရှိုး – မန္တလေး လမ်းမပေါ်ရှိ လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ စန်ဖြတ်ရွာမှာ ဒိနေ့ ဇူလိုင်လ ၉ ရက်မနက် ၁၀ နာရီကျော်ခန့်ကစ လမ်းအသွားအလာ ယာယီ ပိတ်ထားလိုက်ပြီလို့ ခရီးသွား ပြည်သူ တယောက်က ပြောပါတယ်။

“စန်ဖြတ်ရွာနားမှာ တားထားလိုက်တာ။ ဝင် ထွက်မယ်သူတွေတော့ စောင့်ရမှာပေါ့။ အနီးနား ရောက်နေတဲ့ ကားတွေတော့ လုံခြုံတဲ့ နေရာ ရပ်ထားရတာပေါ့။ အခြေအနေက ပုံသေမရှိဘူး။ အပြောင်းအလဲ ရှိနိုင်တယ်” လို့ သူက ပြောပါတယ်။

လားရှိုးက ဒေသခံ ပြည်သူတွေ ၈၀ ခန့်မှနါးခြေ ရာခိုင်နှုန်းခန့် မြို့ကနေ ဘေးကင်းရာ ရှောင်သွားကြပြီ ဖြစ်ပြီး ဒီနေ့မှာတော့ လားရှိုးကနေ စစ်ရှောင်ထွက်လာတဲ့ ကားတွေ အနည်း အကျဉ်းသာ ရှိတော့တယ်လို့ ဒေသခံ ယောက်ကလည်း ပြောပါတယ်။

ကျောက်ဂူနဲ့ ဒုဌဝတီတံတားကြားက ကျောက်ဆုံရွာအနီးရှိ ရပ်စောက် – နောင်ချိုလမ်းပိုင်းကိုလည်း ဒီနေ့မနက် ၁၁ နာရီခန့်ကယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ကျိုးသွားတဲ့ ဆွတ်လန်း တံတားကိုလည်း မြေတော့ ဖို့ ထားလိုက်ပြီ။ ဒါပေမယ့် ဒီနေ့တော့ မသွားခိုင်းသေးဘူး။ ပိတ်ထားတုန်းပဲ။ သီပေါ နဲ့ မြို့ပြင် ပြောင်း ဂိုဒေါင် နားတကြော ပိတ်မိနေတဲ့ ကားတွေတော့ ထွက်လို့ ရမှာပေါ့။ ကုန်တွေတော့ မတင်ခိုင်းဘူး။ အကုန်ပြန်ချခိုင်းနေတယ်။ ခါလီပဲ။ ပိုက်ဆံတော့ ပေးရမယ် ကြားတယ်။ နောက်ရက်ဝောာ့ သွားခိုင်းမယ်တော့ ကြားတယ်” လို့ ကုန်ဆင်ယာဉ်မောင်း တယောက်က ပြောပါတယ်။

အတက်ကားတွေကို‌တော့ မန္တလေး – လားရှိုးလမ်းမကြီး‌ပေါ်ရှိ နောင်ချို နဲ့ ဝက်ဝံကြားလွန်းကျော်ရွာမှာ ယာယီပိတ်ထားလိုက်တာကြောင့် ကွင်းလမ်းတွေရှာပြီး ခက်ခက်ခဲခဲသွားလာနေကြရတယ်လို့ ဆိုပါတယ်။

အတက်အဆင်းကားတွေ အ‌ေနနဲ့ လက်ရှိမှာကျောက်ဂူ – ရပ်စောက် – ပင်းတယ – ရွာငံ – ဟန်မြင့်မိုရ်လမ်း ကနေ အသွား အလာ များကြောင်းလည်း ခရီးသွား၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။

လားရှိုးကနေ ‌စစ်ဘေး ရှောင်ထွက်လာဖို့ ထွက်ပေါက်လမ်းကို မန္တလေး လမ်းဘက်သာ ဖွင့်ပေးတာကြောင့် စစ်ဘေးရှောင် ကားတွေ ထောင်ချီ လမ်းမှာ ပိတ်ကျပ်နေတဲ့ အပြင် လမါးအခက်အခဲကြောင့် လမ်းမှာ ပိတ်အိသောင်တင် နေကြတာ ဖြစ်ပါတယ်။

လားရှိုးမြို့ထဲ လက်နက်ငယ်သံတွေ မကြားရတေယ့ပေမယ့် မြု့ပြင်ဘက် အေတီ ရှမ်းကုန်း၊ ခေးခမ်း၊ မယ်ဟန်၊ ဟိုပိတ် စတဲ့ နေရာဘက်တွေမှာ မကြာမကြာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပြီး ကနေ့ မွန်းလွဲ ပိုင်းမှာလည်း လားရှိုးမြို့ပေါ် နရုတ်ဘုံကျောင်းအနီးနဲ့ Sky Vision အနီး ဝန်းကျင်တွေမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု ရှိတယ်လို့ ဒေသခံနေတွေက ပြောပါတယ်။

#voiceofmyanmar#VOM#လားရှိုး – မန္တလေး လမ်း အချို့နေရာတွေမှာ ယာယီ ပိတ်ထား#

Related posts

Leave a Comment

VOM News

FREE
VIEW