ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ နိုဘယ်ဆုရင် ယူနွတ်စ် ပြင်သစ်ကနေ ဒီနေ့ပြန်လာမယ်

 

ဒါကာ ၊ ဩဂုတ်-၈-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို ဦးဆောင်မယ့်သူအဖြစ် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်ကို ခန့်အပ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ပြီးနောက် ယူနွတ်စ်ဟာ ပြင်သစ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ဒီနေ့ရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပောပါတယ်။

ကြားဖြတ်အစိုးရကို ဦးဆောင်မယ့်သူရွေးချယ်တဲ့ အရေးပေါ်အစည်းအဝေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့ပြီး သမ္မတ ၊ စစ်တပ်အကြီးအကဲတွေ၊ ကျောင်းသားနုဲ့ သပိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

စီးပွားရေးပညာရှင်နဲ့ ဘဏ်လုပ်ငန်းရှင်ဖြစ်သူ ယူနွတ်စ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်နေပြည်သူတွေအတွက် အသေးစားချေးငွေအစီအစဉ်ကြောင့် ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

အစိုးရအလုပ်အကိုင်ခွဲတမ်း ထားရှိမှုအပေါ် ဆန့်ကျင်မှုကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် ဝန်ကြီးချုပ် ဟာစီနာဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။

သူမှ နုတ်ထွက်ပြီးနောက်မှာလည်း နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး အာဏာရ အဝါမီလိဂ်ပါတီနဲ့ ဆက်နွယ်တဲ့ အဆောက်အအုံတခုလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

နိုဘယ်ဆုရင် ယူနွတ်စ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ တက်လာပြီးနောက် မကြာခင်မှာ ရွေးကောက်ပွဲကျင်းပသွားဖွယ်ရှိနေပြီး ငြိမ်းချမ်းစွာ အာဏာအလွဲအပြောင်းဖြစ်နိုင်မလားဆိုတာ နိုင်ငံတကာကလည်း စောင့်ကြည့်နေကြပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ကြားဖြတ်အစိုးရခေါင်းဆောင် #မိုဟာမက်ယူနွတ်စ်

Related posts

Leave a Comment

VOM News

FREE
VIEW