တရုတ်အလယ်ပိုင်း ရေဘေး လူ ၅၀ ကျော်သေပြီး ၁၅ ယောက်ပျောက်ဆုံးနေ

 

ပေကျင်း၊ ဩဂုတ်-၂၀-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင်နှောင်းပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေအတွင်း လူ ၅၀ ကျော် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟူနန်ပြည်နယ်ရှိ ဇီကျင်းမှာလည်း အခြား ၁၅ ယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ပြောပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ပြည်နယ်တွင်း ကျေးရွာတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြန်ရနေပြီလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင်နှောင်းပိုင်းမှာ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ကို ဖြတ်ကျော်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ကုန်းတွင်းပိတ် ဟူနယ်ပြည်နယ်ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် အာဏာပိုင်တွေဟာ လူပေါင်း သုံးသိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းမှာလည်း အများသူငှာသယ်ယူပို့ဆောင်ရေးတွေ ရပ်နားခဲ့ရပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံမှာ ပြင်းထန်ပြီး မတူညီတဲ့ ရာဦဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြောက်ပိုင်းမှာတော့ ပြင်းထန်တဲ့ အပူလှိုင်းကျရောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:AFP
Photo: Reuters

#Voiceofmyanmar #VOM #တရုတ် #ရေဘေး #လူ၅၀သေ

Related posts

Leave a Comment

VOM News

FREE
VIEW