ထိုင်းအစိုးရအဖွဲ့သစ် ရွေးချယ်ထားပြီး ထိုင်းဘုရင်ထောက်ခံချက် ရယူမယ်



ဘန်ကောက်၊ စက်တင်ဘာ-၂-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းအစိုးရအဖွဲ့သစ် ဝန်ကြီးတွေကို ရွေးချယ်ခဲ့ပြီးဖြစ်ကာ လာမယ့်သီတင်းပတ်မှာ ထိုင်းဘုရင်ရဲ့ အတည်ပြုခွင့်ချက် ရယူဖို့ တင်ပြသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ပိုင်တောင်ထရန်ရှင်နာဝပ်ထရာက ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

အစိုးရအဖွဲ့သစ်ကို စက်တင်ဘာလလယ်မှာ အတည်ပြုမယ်လို့ သူမရဲ့ ကြားဖြတ်အစိုးရမှာပါဝင်တဲ့ ထိပ်တန်းတာဝန်ရှိသူတွေကလည်း ဆိုပါတယ်။ အစိုးရအဖွဲ့သစ်မှာ ယခင် ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆက်လက်ပါဝင်မှာဖြစ်ပါတယ်။

ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးအသစ် ၁၁ ယောက်ကို အစိုးရအဖွဲ့သစ်မှာ တွေ့မြင်ရမယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့သစ်အမည်စာရင်းနဲ့ပတ်သက်ပြီး ဖြူထိုင်းပါတီ အထွေထွေအတွင်းရေးမှူးက မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်သည်ဆိုကာ တရားရုံးချုပ်အမိန့်နဲ့ ရာထူးကနေ ဖယ်ရှားပြီး တလမပြည်ခင်မှာ ဖြူထိုင်းပါတီက နိုင်ငံရေးဝါနုသေးတဲ့ အသက် ၃၈ နှစ်အရွယ် ပိုင်တောင်ထရန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်သစ်အဖြစ် ပါလီမန်က ရွေးချယ်ခဲ့ပါတယ်။

Ref:AFP
Photo:Bloomberg

Related posts

Leave a Comment

VOM News

FREE
VIEW