ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ရေဘေးသင့်သူတွေ ဆေးဝါးနဲ့ တကိုယ်ရေသုံး ပစ္စည်းတွေ အရေးပေါ်လိုအပ်

စက်တင်ဘာ ၁၈၊ ၁၀၂၄-၂၀၂၄
Shy V(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ရေကြီးရေလျှံ ဖြစ်ခဲ့တဲ့ နေရာက လတ်တလော ရေဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ တကိုယ်ရေ သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့က ကယ်ဆယ်ရေး စင်တာတွေထဲက သိရတာတော့ ဆန်၊ ဆီ၊ ဆား ပေါ့နော်။ ပြီးတော့ ကျနော်တို့ အရေးပေါ် သုံးတဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်ဗျ။” လို့ ကလောဒေသခံ အမျိုးသား တစ်ဦးက VOM ကို ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကလောမြို့ပေါ်က အိမ်ထောင်စုပေါင်း တထောင်လောက် ရေနစ်မြုပ်သွားခဲ့ပြီး လူပေါင်း လေးထောင်ကျော် ရေဘေး ဒုက္ခရောက်ခဲ့ကာ ကယ်ဆယ်ရေး စခန်း ၁၂ ခုမှာ လူတစ်ထောင်နီးပါးရှိေနတယ် လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေ အကုန်ကျသွားပြီဖြစ်ပေမယ့် အိမိတွေထဲမှာ နွံတွေ တစ်ပေခွဲနဲ့ အထက်ကျန်နေခဲ့တာကြောင့် သန့်ရှင်းရေးကတော့ အချိန်ယူ လုပ်ရဦးမယ်လို့ သူက ထပ်မံ ပြောပြပါတယ်။
လူတွေ သေဆုံး၊ ပျောက်ဆုံးမှုတွေ၊ နေအိမ်၊ ပစ္စွည်း၊ စိုက်ခင်း ထိခိုက် ပျက်စီးမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ ဒေတာတွေ ရရှိဖို့နဲ့ အတည်ပြုဖို့ ခဲယဉ်းနေသေးပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်မှပဲ အချိန် တခုမှာ တိကျတဲ့ အရေအတွက်တွေ ထွက်လာနိုင်မယ်လို့ ဆိုပါတယ်။
ကလော၊ ရွှေညောင် နဲ့ ညောင်ရွှေ စတဲ့ မြို့နယ် တွေမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံး သွားတဲ့ သူတွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်မက် ဖြစ်ပွားတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ မြို့တွေဆီက စစ်ရှောင်တွေလည်း ပါနေတယ်လို့ သိရတယ်လို့ ကလော၊ ရွှေညောင် နဲ့ ညောင်ရွှေဘက် ရေဘေးဒုက္ခသည်တွေကို ပစ္စည်း သွားရောက်လှူဒါန်းခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ပရဟိတ တယောက်က ပြောပါတယ်။
“ရှမ်းမြောက်က စစ်ရှောင်တွေထဲက ပေါ့နော်။ ၅၀ ကျော်လောက်တွေ့တယ် ပြောတာ ကြားတယ်။ ပြီးတော့ ကျောက်မဲက ၁၁ ယောက်လို့လည်း ပြောတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘယ်ဝါတွေ ဆိုတာကတော့ စုံစမ်းခိုင်းတုန်း ရှိသေးတယ်။” လို့ သူက ပြောပါတယ်။
ညောင်ရွှေနဲ့ ရွှေညောင် မြို့ပေါ်မှာ ရေဘေးဒုက္ခသည် ဦးရေက ၇၀၀၀၊ ၈၀၀ လောက်ရှိပြီး အဲဒီ အရေအတွက်ထဲမှာ ဘေး ရွာတွေ ပါသေးဘူးလို့ သူက ပြောပါတယ်။
“အဓိက လိုအပ်တာတော့ဗျာ ဘယ်လို ပြောလို့ ပြောရမလဲ တောင် မသိတော့ဘူး။ အကုန်လုံးပါပဲ။ ရွှေညောင်၊ ညောင်ရွှေပေါ့နော်။ လိုအပ် တာတွေကတော့ ပြောမနေနဲ့တော့ အကုန်လိုမှာပဲ အခုချိန်မှာ သူတို့ ဘာမှမှ မရှိတော့ပဲ။ အိမ်ပေါင်းများစွာ။” လို့ သူက ပြောပါတယ်။
နေအိမ် မျောပါသွား တာတွေ၊ စိုက်ခင်း ပျက်စီး ဆုံးရှုံးတာတွေကို ဌာနဆိုင်ရာတွေက စာရင်း ကောက်တုန်း ရှိသေးပြီး ချက်ချင်း ဘယ်လိုမှ မသိနိုင်သေးသလို အရေအတွက် အတိအကျ သိဖို့က အချိန်ယူရမှာ ဖြစ်ပြီး လက်ရှိတော့ ခန့်မှန်းခြေပဲ ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
တာချီလိတ်မှာတော့ ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဦးလှမိုး တာချီလိတ် လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တယောက်ကပြောပါတယ်။
“ဘာတွေ လိုအပ်လဲ ဆိုတော့ စားသောက်ကုန် အဲဒီလိုမျိုးပေါ့နော် မီးလည်း မရသေးတဲ့ အတွက် မီးလည်း မရသေးဘူးဆိုတော့ မီးခြစ်လေးတွေ ဖယောင်းတိုင်လေးတွေ၊ အသုံး အဆောင်ပစ္စည်းတွေပေါ့။ ခေါင်းလျှော်ရည်လေးတွေ၊ သွားတိုက်တံလေးတွေ၊ သွားတိုက်ဆေးလေးတွေ၊ တကိုယ်ရေ သုံးလေးတွေပေါ့” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့ပေါ်မှာတော့ လက်ရှိထိရေကြီးရေလျှံ၊ မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ အလောင်း ၁၀ ကျော်ရှိတယ်လို့ သူက ပြောပါတယ်။
ရေကျသွားပေမယ့် တချို့ နေအိမ်တွေထဲမှာဆိုရင် ရွှံ့နွံတွေ ပေါင်လောက်ထိ ကျန်ရစ်နေပြီး သန့်ရှင်းရေးလုပ်ယူဖို့ မလွယ်တဲ့ အပြင် ပျက်စ္စည်းဆုံးရှုံးမှုလည်း အရမ်းများနယ်လို့ ဒေသခံ အမျိုးသား တယောက်ကလည်းပြောပါတယ်။
Photo:ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW