နစကဥက္ကဋ္ဌ ဘီလာရုဇ်နိုင်ငံကို သွားရောက်ဖွယ်ရှိ



အောက်တိုဘာ ၆-၂၀၂၄
KKO(VOM)

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအောက်တိုဘာလလယ်အတွင်း ဘီလာရုဇ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

“နစက ဥက္ကဋ္ဌ က ဘီလာရုဇ်နိုင်ငံကို သွားဖို့ရှိနေတယ်လို့ သိရတယ်။ အခုအောက်တိုဘာလလယ်ပိုင်းလောက်တော့ဖြစ်ဖို့များပါတယ်။ ခရီးစဉ်ကတော့နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ပါပဲ”လို့ သူက ပြောပြပါတယ်။

ယခု နစကလက်ထက်မှာ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံ အပါအဝင် ဘီလာရုဇ်နိုင်ငံတို့နဲ့ ရင်းနှီးသောဆက်ဆံမှုတွေရှိထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၂၀၂၂ ခုနှစ်၊စက်တင်ဘာလ ၇ ရက်နေ့ မှာ နစက ဥက္ကဋ္ဌ ဟာ ရုရှားနိုင်ငံသမ္မတ ဗလာ ဒီမီယာ ပူတင်နဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးသို့လည်း နစက ဥက္ကဋ္ဌ က တက်ရောက်ခဲ့တာဖြစ်ပါတယ်။

“ဘီလာရုဇ်နိုင်ငံက ရုရှားရဲ့ တကယ့်အမာခံနိုင်ငံပဲလေ။ ကျွန်တော်တို့ အမြင်ပြောရရင် ဒီခရီးစဉ်မှာ နှစ်နိုင်ငံစစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေရှိကောင်းရှိသလို အခြားသောနှစ်နိုင်ငံရေးရာ ကိစ္စရပ်တွေကိုလည်းဆွေးနွေးဖို့ရှိနိုင်ပါမယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ဘီလာရုဇ်နိုင်ငံဟာ (တရားဝင်အခေါ်အားဖြင့် ဘီလာရုဇ်သမ္မတနိုင်ငံ)သည် အရှေ့ဥရောပတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ရုရှားတော်လှန်ရေး ပြီးနောက်တွင် ဆိုဗီယက်ပြည်ထောင်စုဝင် သမ္မတနိုင်ငံတခုလည်းဖြစ်လာတာဖြစ်ပါတယ်။

ပုံစာ – နစက ဥက္ကဌ (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ သွားရောက်စဉ်။ 

Related posts

Leave a Comment

VOM News

FREE
VIEW