နေပြည်တော်၊ မတ် – ၁၄ – ၂၀၂၆
KKL(VOM)
မြန်မာ့မျက်နှာစာသစ် ဖိုရမ်နဲ့ပတ်သက်လို့ ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ကျော်နဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ပါတီဥက္ကဌ ဦးစောမြတ်ထွဋ်ဝင်းတို့က ဖိုရမ်အပေါ်အားနည်းချက် အားသာချက်တွေကို သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
နေပြည်တော်မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ မြန်မာ့မျက်နှာစာသစ် ဖိုရမ်အပြီး မကြာခင်ရက်ပိုင်းမှာ စတင်တော့မယ့် လွှတ်တော်မှာ ဖိုရမ်ရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မျှော်လင့်ထားလဲဆိုတဲ့ ဆွေးနွေးမှုအပါ အဝင် ဖိုရမ်ရဲ့အားနည်းချက်၊ အားသာချက်တွေကို လွှတ်တော်ကိုယ်စားလှယ် တချို့က အခုလိုသုံးသပ်ပြောဆိုပါတယ်။
