ဆစ်ဒနီ၊ အောက်တိုဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဖြေရှင်းရေးအတွက် နို်ငငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ လုံး၀အလုပ်မဖြစ်ဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းကိစ္စတွေအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာအိုမှာကျင်းပဆွေးနွေးနေချိန်မှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အခုလို သတိပေးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ဆိုရွားသွားပြီလို့ သူကဆိုပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် တရားဝင်မှု၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး နဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ဩစတြေးလျကို ရောက်ရှိနေတဲ့ တွမ်အင်ဒရူးစ်က တိုက်တွန်းပြောဆိုပါတယ်။
“ ဒီအကျပ်အတည်းအတွက် နိုင်ငံတကာ တုံ့ပြန်မှုက ရှင်းရှင်းလင်းလင်းကို အလုပ်မဖြစ်ပါဘူး ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နက်ရှိုင်းလာတဲ့ အကျပ်အတည်းကို ကမ္ဘာ့နိုင်ငံအတော်များများက မမြင်မှာစိုးရိမ်တယ် ”လို့ သူက ပြောပါတယ်။
လူသုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့သော်လည်း မြန်မာ့အရေး ဖြေရှင်းဖို့က တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာရှိခဲ့ပါတယ်။
ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုကာ မြန်မာအာဏာပိုင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ လာအိုမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာဘက်က ကိုယ်စားလှယ်တယောက် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်တက်ရောက်နေပါတယ်။
Ref:AFP
Photo:AFP
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...