ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်စစ်တပ် အကြီးစားစစ်ရေးလေ့ကျင့်နေ



တိုင်ပေ၊ အောက်တိုဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်မှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်နေပြီး ခွဲထွက်ရေးကြိုးပမ်းနေတဲ့ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာလို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံကတော့ ပြည်မကြီးနဲ့ပြန်ပေါင်းဖို့ စစ်အင်အားသုံးနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာနှစ်နှစ်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ လေးကြိမ်မြောက် အကြီးစားစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်သွားမယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီရဲ့ ထိုင်ဝမ်အမျိုးသားနေ့ မိန့်ခွန်းအပေါ် တုန့်ပြန်မှုတွေမလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တရုတ်ကိုတိုက်တွန်းပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်စစ်တပ်ရဲ့ အကြီးစားစစ်ရေးလေ့ကျင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါဟာ ရန်စတဲ့လုပ်ရပ်လို့ ထိုင်ဝမ်က ပြောဆိုထားပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်ဖို့ အစီအမံတွေ လု်ပဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Joint Sword-2024B လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို စမ်းသပ်တာလို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

မေလမှာ သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ လိုင်ကျင်းတီဟာ ယခင်ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ထက် ထိုင်ဝမ်ကာကွယ်ရေးကို ပြတ်ပြတ်သားသာပြောဆိုခဲ့ပြီး တရုတ်နိုင်ငံကမူ လိုင်းကျင်းတီဟာ အန္တရာယ်များတဲ့ ခွဲထက်ရေးသမားလို့ တံဆိပ်ကပ်ထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW