သံမဏိနဲ့ အလူမီနီယံကို အမေရိကန်အခွန်ကောက်ခံမှု ဥရောပသမဂ္ဂ ချက်ချင်းတုံ့ပြန်

ဝါရှင်တန်၊ မတ်-၁၂-၂၀၂၅
ရတီ(VOM)
အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အမိန့်ဟာ ဒီကနေ့မှ စတင်သက်ဝင်ခဲ့ပြီး ဥရောပသမဂ္ဂကတော့ ဒီကိစ္စအပေါ် ချက်ချင်း လက်တုံ့ပြန်လိုက်ပါတယ်။
ဒေါ်နယ်ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခို်ငနှုန်း ကောက်ခံပြီး နိုင်ငံအားလုံး အခွန်ကင်းလွတ်ခွင့် အဆုံးသတ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကတော့ ဒေါ်လာ ၂၈ ဒဿမ ၃ ဘီလီယံဖိုးရှိ အမေရိကန်ကုပစ္စည်းတွေအပေါ် တန်ပြန်အခွန်စည်းကြပ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ နိုင်ငံတွင်း သံမဏိနဲ့ အလူမီနီယံထုတ်လုပ်မှုကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ရပေမယ့်လည်း အမေရိကန် စားသုံးသူတွေအတွက် စျေးနှုန်းမြင့်တက်ပြီး စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဒေါ်နယ်ထရန့်ဟာ ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန် ၂၅ ရာခိုင်နှု်နးနဲ့ တရုတ်ကုပစ္စည်းတွေအပေါ် အခွန် ၂၀ ရာခှိုင်းနှုန်းကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ဟာ တခြားနိုင်ငံတွေထက် သံမဏိပိုမိုတင်သွင်းနေရပြီး ကနေဒါ၊ ဘရာဇီးနဲ့ မက္ကဆီကိုတို့ဟာ ထိပ်တန်းတင်ပို့သူတွေ ဖြစ်ပါတယ်။
သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်ကလည်း သံမဏိကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံအပေါ် အခွန် ၁၀ ရာခှိုင်နှုန်း ကောက်ခံခဲ့ပြီး ကနေဒါနဲ့ မက္ကဆီကိုတို့ကို ခြွင်းချက်အဖြစ် ကင်းလွတ်ခွင့်ပေးခဲ့သည်။
လက်ရှိအခွန်စည်းကြပ်မှုတွေကြောင့် အမေရိကန်မှာ သံမဏိနဲ့အလူမီနီယံစျေးနှုန်းဟာ ၂ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ၁ ဒဿမ ၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးကော်မရှင်ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:UPI

Related posts

Leave a Comment

VOM News

FREE
VIEW